ချစ်သူများနေ့ အမှီ apk လေးရေးပြီး လက်ဆောင်ပေးကြမယ်
Download Link-------------->>>>>>>Download Here!<<<<<<<
ကျနော်တို့ မကြာခင်မှာ V'Day ကို ရောက်တော့မယ်နော် ကိုယ့်ချစ်သူကို အမှတ်တရဖြစ်အောင် လက်ဆောင်လေးတွေပေးကြရအောင် မိတ်ဆွေတို့တော့ မသိဘူး ကျနော်ကတော့ ကိုယ်တိုင် ပစ္စည်းလေးတွေလုပ်ပီး ချစ်သူကို ပေးရတာ ကြိုက်တယ်ဗျ အာ့ကြောင့်မို့ သူငယ်ချင်းတို့လည်း ကိုယ့်ချစ်သူကို ကိုယ်တိုင် APK လေးဖန်တီးပီး လက်ဆောင်အဖြစ်ပေးစေချင်ပါတယ် ကိုယ်နဲ့သူ အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုပေါ့ဗျာ ကဲ စိတ်ဝင်စားသွားပီထင်တယ် စိတ်ဝင်စားရင်တော့ အောက်မှာရှိတဲ့ ဖိုင်လေးတစ်ဖိုင်ကို ဒေါင်းလိုက်ပါ size က 60 MB ရှိပါတယ် အတွင်းထဲမှာ လိုအပ်တဲ့ ဖိုင် အကုန်ပါ ပါတယ် မရေးတက်ရင် လေ့လာဖို့ အတွက်လည်း PDF File လေးပါ ထည့်ထားပေးပါတယ် ဒေါင်းလိုက်ကြပါဦးနော် အဆင်မပြေရင်လည်း ပြန်ပြောပါဦး အဆင်ပြေပါစေဗျာ :)
ဒီပို့စ်ကလေးကို တင်ပြပေးသူကတော့
လူသိရှင်ကြား အသဲကွဲနေ သူ
Keyboard ပုံစံအသစ်လေးတွေပါ
Photo: Frozen Keyboard လေးကို Windows Phone Keyboard Style ပြုလုပ်ပေးထားတဲ့  Keyboard ပုံစံအသစ်လေးတွေပါ လိုအပ်သူများ ဒေါင်းနိုင်ပါတယ် ခင်ဗျာ  :)  Credit to - Ko Thiha Aye Kyaw   http://www.mediafire.com/download/8moahpy3njbfo4b/FROZEN_KB_NEW_STYLES_HAN_ZAW_OO.zip
Keyboard ပုံစံအသစ်လေးတွေပါ လိုအပ်သူများ ဒေါင်းနိုင်ပါတယ် ခင်ဗျာ
Frozen Keyboard လေးကို Windows Phone Keyboard Style ပြုလုပ်ပေးထားတဲ့
Keyboard ပုံစံအသစ်လေးတွေပါ လိုအပ်သူများ ဒေါင်းနိုင်ပါတယ် ခင်ဗျာ
Credit to - Ko Thiha Aye Kyaw
Han Zaw Oo Facebook Pag မှကူးယူတင်ပြပေးလိုက်ပါသည်
http://www.mediafire.com/download/8moahpy3njbfo4b/FROZEN_KB_NEW_STYLES_HAN_ZAW_OO.zip
OPPO U7015 - Version 4.1.1 ကိုမြန်မာစာအမှန်လေးထည့်ကြရအောင်
OPPO U7015 - Version 4.1.1 ကိုမြန်မာစာအမှန်လေးထည့်ကြရအောင်
oppo U7015 ကိုroot လုပ်နည်းလေးပါခင်ဗျာ။oppo လေးတွေလည်းမဆိုးဘူးဗျ မြန်မာစာရော root အတွက်ပါလုံးဝစိတ်ချစေရမယ်နော်။
တစ်နေရာတည်းနဲ့ တစ်ထိုင်တည်းနဲ့ 10 မိနစ်လောက်အတွင်းမှာ သင့် ကို မြန်မာစာမှန်ကန်ပြီး
error ကင်းတဲ့ ဖုန်းတလုံးကိုသင်ပိုင်ဆိုင်နိုင်ပါပြီ။တကယ်တော့  root လုပ်တာမခက်ပါဘူး ဒါပေမယ့် 
မိမိရဲ့ ပထမဦးဆုံးအတွေ့ အကြုံ နဲ့ တော့ မစွန့် စားစေခြင်ဘူး အခုလို 100 % အာမခံထားရင်တော့  စိတ်ဝင်စားစရာပဲနော် အိုကေအောက်မှာ လိုက်ကြည့် ပေးပါခင်ဗျာ။
 root tool ကိုယူလိုက်ပါ   link-1 link 2
ဖုန်းကို unknow source ကိုအမှန်ခြစ်ပေးပြီး usb debugging လုပ်ပေးပြီးကွန်ပျူတာနှင့် ချိတ်လိုက်ပါ။မချိတ်တတ်ရင်အသေးစိတ်ကို ဒီမှာ ဝင်ဖတ်ပေးပါ
usb  driver ကိုrun လိုက်ပါ။
ပြီးရင် root tool ကို run လိုက်ပြီးအစိမ်းရောင်အကွက်ကလေးကိုနိပ်ပြီး root လုပ်ပါ။ ခဏနေကျရင် ဖုန်းမှာ restart ကျသွားပြီး root လုပ်တာအောင်မြင်သွားပါပြီခင်ဗျာ။
ဒီအဆင့် မှာတော့ မြန်မာစာမှန်အောင် ဆိုရင် font changer ကို mmsd font changer ကိုသုံးပါ။ browser ကို mandalay browser ကို install လုပ်ပါခင်ဗျာ။
mmsd font changer  link 1 ; link 2
zawgyi font  link-1 ;  link2
keyboard  link 1-  link- 2
myandalay browser  link -1 ; link -2
အိုင်တီ ရဲကို
http://www.aungzaylatt.net/
ယနေ့ထွက် Viber v 4.2.0.1733 လေးပါ
ကဲဒီနေ့ မှနောက်ထပ် အသစ် update ပေးလိုက်တဲ့ viber နောက်ဆုံး ဘားရှင်းလေးပါ။
အရင်ဘားရှင်းလိုပဲ မိမိ နဲ့ အဆင်မပြေတဲ့ နံပါတ်တွေ၊မကြိုက်တဲ့လူရဲ့ဖုန်းနံပါတ်ကို Block နိုင်တယ်။
အားလုံးကတော့ အရင်တိုင်းပါပဲ သိပ်မထူးခြားသေးပါဘူးခင်ဗျာ။
ဖိုင်ဆိုဒ်ကတော့ 19.1 MB ရှိပါတယ် လိုအပ်မယ်ဆိုအောက်မှာဝင်ဒေါင်းလိုက်ပါ
DOWNLOAD
ကိုလတ်(ကျွဲဆင်း)
Phone ထဲကနေ ဓာတ်ပုံနဲ့ သီချင်းတွဲ၍ Slideshow MP4 ပြုလုပ်နည်း
Phone ထဲကနေ ဓာတ်ပုံနဲ့ သီချင်းတွဲ၍ Slideshow MP4 ပြုလုပ်နည်း
ဆော့ဝဲကို ဖွင့်လိုက်တာနဲ့  License Ageeement ပေါ်လာမယ် Decline နှိပ်
နောက်တစ်ကွက် Login Facebook မှာ NO,i don`t like sharing နှိပ်
နောက်တစ်ကွက် Photo အောက်မှာ Add image ကို နှိပ် ပုံထည့် လိုက်
ပုံတွေရောက်လာပီဆို အပေါ်နားက Music ကိုနှိပ်SD ကဒ်ကသီချင်းထည့်
ပီးရင် Transition ကိုနှိပ် Effect ဒီဇိုင်းရွေး ပြီးရင် Settings ကို နှိပ်ပါ
Video name က ကြိုက်တာပေး အောက်က ဆိုဒ်အကြီးအသေးရွေးပါ
Create ကိုနှိပ် အထဲမှာ Craete Movie လို့ ပါတယ် အဲ့ဆိုရင်သီချင်းရပီ
ပြည့်သွားရင် MY File ထဲက Slideshow Maker Folder ထဲသွားကြည့်
ဒါဆိုရင် ဖုန်းကနေ ဓာတ်ပုံနဲ့ သီချင်းတွဲပြီး MP4 ထုတ်လို့ ရပါပြီနော်
ပုံနဲ သီချင်း ကွက်တိကျဖို့ ကတော့ ပုံ60 လောက်ကို သီချင်း 1ပုဒ်ပဲ
အတိုအရှည် ပုံအနဲ့ အများကတော့ ကိုယ်တိုင်ထည့်ပီး စမ်းသပ်လိုက်ပါ
အဆင်လည်းပြေ အသုံးလည်းဝင်တာမလို့  အောက်ကလင့်မှဒေါင်းလိုက်
>>>Download Here!<<<
ProgDVB Professional Edition 7.20 Final (x86-x64) + Reseter 37Mb !!!
Internet TV and Radio တော်တော်များများကိုကြည်လင်စွာကြည့်ရှု့နိုင်သည့်အပြင် channels ပေါင်း
4000 ကျော်ကိုတိုက်ရိုက်ကြည့်ရှု့နိုင်ပါတယ်။အကောင်းဆုံးကတော့မိမိကြည့်ရှု့သည်ဇာတ်ကားတွေကို
တိုက်ရိုက် Audio/Video recording လုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။32 /64 bit နှစ်ခုလုံးကိုတွဲပြီးတင်ပေး
ထားပါတယ်။မိမိဝင်းဒိုးဆိုင်ရာကိုရွေးပြီးအင်စတောပြုလုပ်ရုံပါပဲ။နောက်ထပ်လုပ်နိုင်ခွင့်တွေကိုအောက်
မှာဖတ်ကြည့်လိုက်ပါ။Win XP/2000/Vista/Win 7/Win 8/Win 8.1 အားလုံးအသုံးပြုနိုင်ပါတယ်။
ProgDVB - the universal and very power software for watching digital TV and listening to radio channels! ProgDVB allows you to watch SAT-Television and listen to Radio channels directly from satellite by using DVB-PCI cards with hardware decoders on the board, SAT-dish, and personal computers with Microsoft Windows installed. It has options for working with network broadcasting and Audio/Video recording of the stream to different digital-media formats.Short Info.
Support for various types of data sources: Internet TV and Radio. About 4000 channels in the list; DVB-S (satellite), DVB-S2, DVB-C (cable), DVB-T, ATSC, ISDB-T, IPTV. Analog TV or playback from a file. Requires Microsoft .NET Framework installed.
Main functions:
* High Definition TV support including H.264/AVC
* Picture-in-picture support as well as independent simultaneous recording/playback of several channels from one or more devices
* Support for the majority of DVB, ISDB-T and ATSC devices including DiSEqC and CAM interfaces support
* Support for all digital TV audio formats: MPEG, AC3, AAC,...
* Time shifting functionality using the RAM or disk buffer of unlimited size
* 10 Bands equalizer
* TV and Radio channels recording
* Playback from disk based files
* Electronic program guide (EPG) from Digital TV or XmlTV,JTV.
* Teletext
* Subtile(Teletext, image-based and closed captions)
* Support for VR, VMR7,VMR9 and EVR renderers including OSD (except VR) independently from channel type or signal presence
* Network broadcasting
* Skins for OSD and GUI
* Both Win32 and full-fledged Win64 versions are available
* Interface Language Localizations
At the present moment work on DVB-S, DVB-S2, DVB-T and DVB-C cards of the following manufactures:
* Anysee (E30S Plus,...)
* AverMedia DVB-S
* Azurewave (TwinHan) (VP-1027, VP-1034, VP-1041,... ).
* BroadLogic 2030/1030
* Compro VideoMate DVB-S
* Digital everywhere FireDTV/FloppyDTV
* DVBWorld USB2.0 DVB-S/DVBWorldDTV(PCI-Sat), Acorp TV878DS/DS110/DS120, Nextorm NBS240/NSC120
* GeniaTech products(Digistar DVB-S PCI, satbox, TVStar, Digistar2, Digiwave 103G,...)
* Hauppauge
* Kworld DVB-S 100 compatible (Vstream, Dynavision..... )
* LifeView FlyDVB
* 10moons
* Netcast DVB
* NEWMI Advanced DVB
* Pinnacle
* Technotrend
* Tevii
* TBS Q-Box
* Technisat
* Telemann Skymedia 300 DVB (not official)
* Tongshi
* Terratec
* St@rKey usb box
* Cards with BDA driver (possible issues with some cards)
* Also works without a card, for example, as a video player or as a broadcast client
Changes in ProgDVB v7.02 (31.01.2014)
*Support of RTMP.
*Recording for FLV channels.
OS : Win XP/2000/Vista/Win 7/Win 8/Win 8.1
Language : Multilingual
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
Download Ok? Please Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။
http://dl-8.one2up.com/onetwo/content/2014/2/2/ce24bd54864e902767de3d0640dba385.rar 
(or)
http://www.solidfiles.com/d/8f611850e6/ProgDVB_Professional_Edition_7.20_Final_%28x86-x64%29_%2B_Reseter_%28www.mm-knowledge.com%29Installer.rar 
(or)
http://www35.zippyshare.com/v/31570932/file.html 
နည်းပညာမြို့တော်
  မှ ပြန်လည် ကူးယူတင်ပြပေးလိုက်ရပါသည် ဒေါင်းလင့်တွေ သေနေတာတွေ့ရင် ပြန်ပြောပေးခဲ့ကြပါဦးနော်
Android Power Dead ပြဿနာဖြေရှင်းနည်းစာအုပ်နှင့်လိုအပ်တဲ့ Software များ
Android Phone လေ့လာနေသူများ .. Service သမားများအတွက်အလွန်အသုံးဝင်တဲ့ စာအုပ်တစ်အုပ်ဖြစ် ပါတယ်..Android Phone တွေမှာ ဖြစ်လေ့ရှိတဲ့ Power Dead ဆိုတဲ့ ပါဝါလုံးဝမနိုးတဲ့ ပြသနာတွေကိုဖြေရှင်း အကြောင်းရေးထားတဲ့အဖိုးတန်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်.. အထဲမှာ လိုအပ်တဲ့ Software တွေ rar နဲ့အကုန်ထည့်ပေးလိုက်ပါတယ်..တစ်ချက်ခုတ် ၄ချက်ပြတ်ပေါ့ဗျာ..
ဒီတစ်ခါ တော့  CWM ခေါ် clock work mode recovery room နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတဗျာ
Credit to-ခင်မောင်စိုး  
refer link  http://www.itstudier.com/2013/10/recovery-room.html
recovery  room အကြောင်းဗဟုသုတဗျာ
=================================
တစ်ချို့ က ဖုန်းတွေကို root လုပ်ချင်တယ်မြန်မာစာထည့် ချင်ကြတယ် ။လုပ်နည်းလေးတွေကို ပုံသေနည်းနဲ့ တောင်းကြတယ်။အဲဒီအတွက်ကလုပ်ဖို့ တစ်ခုပဲရှိတယ် မိမိကိုယ်တိုင်နားလည်သဘောပေါက်အောင် လေ့ လာဖို့ ပါပဲ ။ယခု ရေးတဲ့ စာကိုသေသေချာချာဖတ်ပြီးသွားရင်တော့  မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ တစ်ခုတော့ ရနိုင်မယ်လို့ မျှော်လင့် ပါတယ်။ဒါကိုသေသေချာချာဖတ်ပြီးရင်တော့ သာမန် နားမလည်တဲ့ သူတွေတောင်ဘာလုပ်ရမယ်ဆိုတာနားလည်သွားအောင်ရှင်းပြပေးထားပါတယ်။ဖုန်းကိုင်ထား
တဲ့ မိတ်ဆွေတိုင်းဖတ်ထားသင့် ပါတယ်လို့ ယူဆလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
Recovery မှာ (၂)မျိုးရှိပါတယ်
-------------------------------
(၁)Android System Recovery (or) Stock recovry
(၂)Clock work mod recovery (or) Custom  recovery ဟူ၍ နှစ်မျိုး
ရှိပါတယ်
 ( ၁ )Android System Recovery(or)Stock recovry
--------------------------------------------------------
Stock recovery ဆိုတာ ဖုန်း စ၀ယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာ
နဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ ပါနေပါလိမ့်
မည် အဲဒါကို Stock recovery လို့ခေါ်ပါသည်သူ့ မှာအောက်ပါအတိုင်းပါဝင်ပါတယ်။
reboot system now
apply update from external storage
wipe data/factory reset
wipe cache partition
apply update from cache
အဲဒါတွေ အများစုပါပါတယ် တစ်ချို့တလေ ကတော့နည်းနည်းကွဲလွဲပါတယ်
ှStock recovery
-----------------
ှStock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip
တွေလောက်ဘဲ အသုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့
ဖုန်းကို ဖုန်းဝယ်စဉ်က အတိုင်း ပြန်ဖြစ်အောင်လုပ်တာပေါ့ အထဲက မိမိ
ထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာ ဖြစ်ပါတယ်။
 update.zip
---------------
မိမိ့ လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို
တစ်ခါတည်း ထည့်သွင်းတဲ့ သဘောပါ။
 wipe cache
-------------------
 wipe cache  လုပ်တယ်ဆိုတာကတော့ စက်ရဲ့ (background )
က run နေတဲ့ ကောင်တွေကို ရှင်းပေးတဲ့ သဘောပါ / ( ဥပမာ  ) စက်နည်းနည်းလေး
နေရင် wipe cache လေး လုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားစေပါတယ်။
wipe cache လုပ် လိုက်ရင် အထဲက data တွေ ဘာမှမပျက်
ပါဘူး
(၂)Clock work mod recovery(or)Custom recovery(CWM)
-----------------------------------------------------------------------
 Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ်။
  Hacker တွေ တီထွင်ထားတာကို သုံးထားတဲ့ သဘောပါ။အရင်ကတည်းက  Android က open source ဖြစ်တဲ့ အတွက် ကိုယ့်လုပ်ချင်တာ လုပ်လို့ ရတယ်
ဆိုတဲ့ သဘောပေါ့ ဒီကောင်လေးကတော့ Stock recovery ထက် အများကြီး
လုပ်ဆောင်နိုင်ပါတယ်သူထဲမှာ ဘာတွေ ပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်
တွေအပြင်တစ်ခြားထူးခြားကောင်းမွန်လှတဲ့လုပ်ဆောင်ချက်တွေလည်း ပါပါတယ်
Clock work mod recovery
------------------------------------
 မှာ
reboot system now
apply sdcard:update.zip
wipe data/factory reset
wip cache partation
install zip from sdcard
backup and restore
mounts and storage
advanced ဆိုတဲ့ အချက်တွေ အပြင်တစ်ခြားအချက်လက်တွေလည်း ပါပါတယ်  Clock work mod recovery ကို
  cwm လို့ အများကအတိုကောက်ခေါ်ဝေါ် သုံးစွဲ ကြပါတယ် cwm ရဲ့ လုပ်ဆောင်ချက်တွေက
တော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ်  system file တွေကို ဆွဲထုတ်ပြီးတော့ sd card
ထဲမှာ သိမ်းထားတဲ့လို့ ရပါတယ် အကယ်၍ systemကိုမိမိ ကလိ
လိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်ရင်ရပါတယ် ။ cwm ကနေ
  root ,မြန်မစာတွေ ကိုထည့် သွင်းနိုင်ပါတယ် ။  ဥပမာ  huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့
root.zip ဆိုတဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့်
ထားလို့ hacker တွေ ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါ
အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေးကိုလည်း ကိုယ့်ကိုတိုင် ထွင်တတ်နေကြ
ပါပြီ Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေး
တယ် ။ 
 custom rom 
-------------------------
 custom
rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware)ကို
Modify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official
firmware တင်လို့မရတဲ့ ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Hacker တွေထွင်
ထားတဲ့ custom rom တွေကို သုံးကြပါတယ် ဒါပေမဲ့လည်း custom rom မှာက
အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ error,ဘလူးတု error,
အဖြစ်များပါတယ် အဲဒီအတွက်ကြောင့် မို့လို့ custom rom တင်မယ်ဆိုရင် error
ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာများပါတယ်အများသောအားဖြင့်  custom rom မှာ zip ဖိုင်နဲ့ လာတာများပါတယ် ဒီကောင်လေးကလည်း cwm ရှိမှဘဲ
သွင်းလို့ရမှာဖြစ်ပါတယ်
 custom rom သွင်းနည်း
-------------------------------------------
 format ချထားတဲ့
memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖိုင်လေး ကိုထည့်ပြီးတော့
install sd card  ကနေ။  သွင်းပေးရမှာ ဖြစ်ပါတယ်။
system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ်။  factory reset တွေ
လည်း ပြုလုပ်နိုင်ပါတယ်။  Huawei ဖုန်းတစ်ချို့ နှင့် အခြား ဖုန်းတွေ
မှာ cwm တင်ထားတဲ့ အတွက် official rom(official firmware) ပြန်တင်လို့
မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့
official firmware ကို ပြန်တင်ပေးရပါတယ်။  CWM Recovery တွေကို ဘယ်
ကနေသွင်းလဲ ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် Online
ကနေ recovery image(.img)ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်း
မှာ ဖြစ်ပါတယ်။  နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်
အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှာ ထည့်ပြီး အဲဒီ ROM
Manager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်။
ကဲဒီလောက်ဆိုရင်နည်းနည်းတော့ နားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့် ပါတယ်။
Credit to : http://nayphyokyaw.blogspot.com/
100% အောင်မြင်သော Facebo♥k အကောင့်ဖွင့်နည်း
၁။ဖုန်းထဲမှာ YF Your Freedom.apkကို install လုပ်ပါ။
Download Your Freedom apk
၂။YF Your Freedom.apkကိုဖွင့် ၊ Start Connection ကိုနှိပ်။
၃။လိုချင်တဲ့ gmail အကောင့်သစ်ဖွင့် ။
၎။ ဖုန်းထဲက firefox (သို့) ကြိုက်ရာ browser တစ်ခုမှာ www.facebook.com ကိုသွားပြီး အကောင့် အသစ်ဖွင့်။
(YF
Your Freedom.apk ကို run ထားနော်)
၅။ gmail ကိုဝင် ၊ facebook ကပို့တဲ့စာနှစ်စောင်ကိုဖွင့်ကြည့်ပြီး confirm account ဆိုတာကိုနှိပ် ။
ဖုန်းမှာပဲ အကောင့်နောက်အသစ်တစ်ခုထပ်လုပ်မယ်ဆို ပထမဖွင့်ထားတဲ့ browser ကို clear data လုပ်ဖို့နဲ့ YF Your Freedom.apk လေးလည်း run ထားဖို့ မမေ့နဲ့အုံးနော်။
အဲဒီလိုတဲ့....ကျွန်တော်စမ်းကြည့် ပြီး သေခြာအောင် PC နဲ့ ပြန်ဝင်ကြည့်ထားတာလေးက....
Profile Data အားလုံး ဖြည့် 
ဖုန်းထဲမှာ တွေ့တဲ့ငှက် အမြန်ဖမ်းထည့်ထားပါတယ်....။ ပြောင်လိမ် ဆိုတာ FB ကိုပြောတာပါ။
Profile Photo ချိန်းပြီး လာနောက်နေတာ မဟုတ်ပါဘူးနော်...ခုဟာက အသစ်ပါ....။ ဒီကောင်က ငှက်ပဲဟာ...ကျွန်တော်က လူ ။ ( လူက မြန်မာပြည်မှာ...ဖုန်းက နိုင်ငံခြားသွားပြီး
ကိုယ့်အတွက် FB account လုပ်ပေးတဲ့သဘောပါ။)  
Friend တစ်ယောက် ရ ထားပါပြီ။ 
သူက ဘာလုပ်ရင် ကောင်းမလဲတဲ့ ဗျ။ ၀ိုင်းစဉ်းစားပေးပါဦး....။ 
ဒါပါပဲ ခင်ဗျာ....။ 
ဟုတ်ကဲ့ပါ.....။
အဆင်ပြေပါစေ.....။ 
http://www.mmithelper.com/
Proxy Server ဆိုတာ ဘာလဲ
Proxy  နဲ့ ပါတ်သတ်တာလေးတွေ တင်ပေးပါဦးပြောလာလို့ အားလုံး လေ့လာနိုင်အောင် လက်လှမ်းမှီသလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ
သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ 
ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။
Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ 
IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။
 Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။
Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။
Proxy Server အမျိုးအစားများ
HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။
SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။
CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)
Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ 
ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့..
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။
Credit
: http://skyboywaiyan.blogspot.com
အသေးစိတ် ရှောင်တိမ်းရေး proxy များ
အောက်မှာ ဖော်ပြထားတဲ့ ကိရိယာတွေနဲ့ proxy တွေကို အသုံးပြုပြီး အင်တာနက် ပိတ်ဆို့မှုတွေကို ရှောင်တိမ်းနိုင်တယ်။ ရှောင်တိမ်းရေး ကိရိယာအသစ်တွေကို ပုံမှန် ထုတ်လုပ်နေကြပြီး၊ လက်ရှိ သုံးစွဲနေတဲ့ ကိရိယာတွေကို မကြာခဏ မွမ်းမံပေးလေ့ ရှိကြတယ်၊ ဒါကြောင့် အွန်လိုင်း လုံခြုံရေး-သေတ္တာ ကွန်ရက် စာမျက်နှာကို လေ့လာထားသင့်တယ်။
Virtual Private Network (VPN) အခြေပြု proxies များ
အောက်မှာ ဖေါ်ပြထားတဲ့ VPN proxies တွေဟာ "လိုင်းချိတ်ဆက်"တဲ့အခါ အဲဒီ proxy ကနေတဆင့် အင်တာနက်လိုင်း တစ်လုံး ဖြတ်သန်းသွားတယ်။ မိမိနေထိုင်တဲ့ နိုင်ငံမှာ ပိတ်ဆို့ခံရတဲ့ အီးမေးလ် (သို့) လက်ငင်း စာတိုပေးပို့ရေး ဌာနတွေကို အသုံးပြုတယ် ဆိုရင် ဒါတွေက အထောက်အကူ ပြုနိုင်တယ်။
Riseup VPN ကတော့ Riseup ဆာဗာမှာ အီးမေးလ် အကောင့် ရှိထားတဲ့ သုံးစွဲသူတွေ အတွက် ဖြစ်ပါတယ်။ ဒီစုစည်းချက်ဟာ အသုံးပြုပြီး လုံခြုံမှုရှိ၊ သီးသန့်ဖြစ်တဲ့ အခမဲ့ VPN proxy ဆာဗာကို ဆက်သွယ်ပေးတယ်။ Riseup VPN အကြောင်းနဲ့ ၄င်းကို ဆက်သွယ်နည်းကို လေ့လာ ဖတ်ရှုပါ။
Hotspot Shield ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့၊ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး ထည့်သွင်းဖို့ လိုပါတယ်။ Hotspot Shield ကို တည်ဆောက်တဲ့ ကုမ္ပဏီဟာ ထောက်ပံ့ငွေကို ကြော်ငြာကနေ ရရှိတာ ဖြစ်တယ်။ အဲဒါကြောင့် စာဝှက်စနစ် အသုံးမပြုတဲ့ ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုတဲ့ အခါတိုင်း ဘရောင်ဆာ ဝင်းဒိုးရဲ့ ထိပ်ပိုင်းမှာ "နဖူးစည်း စာတမ်း ကြော်ငြာ" တစ်ခုကို မြင်တွေ့နေရမှာ ဖြစ်တယ်။ အတည်ပြုလို့ မရပေမဲ့၊ အဲဒီကုမ္ပဏီရဲ့ အဆိုအရ၊ ဒီကိရိယာကို သုံးစွဲနေတဲ့ သူတွေရဲ့ IP လိပ်စာတွေကို သိမ်းထားတာတို့၊ ကြော်ငြာဌာနတွေဆီ ပေးပို့တာတို့ မလုပ်ပဲ၊ ဖျောက်ဖျက်ပေးတယ်လို့ ဆိုပါတယ်။
Your-Freedom ဟာ သီးသန့်ဖြစ်ပြီး၊ လုံခြုံမှုရှိတဲ့၊ VPN/SOCKS ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်တယ်။ အဲဒါဟာ အခမဲ့ ရှောင်တိမ်းရေး ဝန်ဆောင်မှု တစ်ခုခုကို ဆက်သွယ်ရာမှာ အသုံးပြုနိုင်တဲ့ အခမဲ့ ဆော့ဗ်ဝဲ ကိရိယာ တစ်ခု ဖြစ်တယ်။ bandwidth နဲ့ မိမိ သုံးစွဲနိုင်တဲ့ အချိန် အတိုင်းအတာကို (တစ်ရက်ကို ၃ နာရီ၊ တစ်ပတ်ကို ၉ နာရီ စသဖြင့်) ကန့်သတ်ထားတယ်။ ပိုမို မြန်ဆန်ပြီး ကန့်သတ်ချက် နည်းတဲ့ စီးပွားဖြစ် ဝန်ဆောင်မှု တစ်ခုခုကို အခကြေးငွေ ပေးပြီး အသုံးပြုနိုင်တယ်။ Your-Freedom ကို အသုံးပြုနိုင်ဖို့ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး အကောင့်တစ်ခု ဖွင့်ထားပါ။ ဒီနှစ်မျိုး စလုံးကို Your-Freedom ကွန်ရက် စာမျက်နှာပေါ်မှာ လုပ်ဆောင်နိုင်ပါတယ်။ အင်တာနက်ကို ချိတ်ဆက်တဲ့အချိန်မှာ OpenVPN proxy ကို အသုံးပြုနိုင်ဖို့ ဘရောင်ဆာကို ပြုပြင်ဖန်တီးဖို့ လိုအပ်တယ်။ အသေးစိတ် အကြောင်းအရာကို Sesawe စီမံချက် ကွန်ရက်စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
Freegate ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးထွက် Freegate ဗားရှင်းကို ဒေါင်းလုဒ် ဆွဲပြီး ၄င်းနဲ့ပါတ်သက်တဲ့ စိတ်ဝင်စားစရာ ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။
SecurityKISS ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ပရိုဂရမ် တစ်ခုကို ဒေါင်းလုဒ် လုပ်ပြီး ဖွင့်သုံးနိုင်တယ်။ အကောင့် တစ်ခုကို မှတ်တင်စရာ မလိုဘူး။ proxyကို ဖြတ်သွားတဲ့ အင်တာနက် စီးဆင်းမှုအတွက် အခမဲ့ သုံးစွဲသူတွေရဲ့ တစ်နေ့တာ သုံးစွဲခွင့်ကို MB ၃၀၀ အဖြစ် ကန့်သတ်ထားပေးတယ်။ အခကြေးငွေ ပေးသွင်းသူအတွက် ကန့်သတ်ချက်တွေ မရှိပဲ VPN ဆာဗာတွေကို ပိုမို သုံးစွဲနိုင်တယ်။ အသေးစိတ်ကို လေ့လာဖို့ SecureKISS ပင်မစာမျက်နှာကို ဖတ်ရှုပါ။
Psiphon3 ဟာ လုံခြုံပြီး၊ အများသုံး VPN နဲ့ SSH အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ဆော့ဗ်ဝဲ ပရိုဂရမ် ရရှိနိုင်တဲ့ လင့်ခ်တစ်ခုကို တောင်းဆိုရမှာ ဖြစ်ပြီး အဲဒီ ပရိုဂရမ်နဲ့ proxy ကို စီစဉ်သတ်မှတ်သွားမှာ ဖြစ်တယ်။ လင့်ခ်ကို တောင်းဆိုဖို့ get@psiphon3.com ဆီ အီးမေးလ် တစ်စောင် ပေးပို့ပါ။ Psiphon3 ပင်မစာမျက်နှာကို လေ့လာ ဖတ်ရှုပါ။
ကွန်ရက် Proxies များ
Psiphon2 ဟာ သီးသန့် ဖြစ်ပြီး အမည်ဝှက်တဲ့ webproxy ဆာဗာ နည်းစနစ် တစ်ခု ဖြစ်တယ်။ Psiphon2 ကို အသုံးပြုဖို့ မိမိဆီမှာ proxy ဆာဗာရဲ့ ကွန်ရက် လိပ်စာ (URL) နဲ့ အကောင့်တစ်ခု (သုံးစွဲသူ၊ စကားဝှက်) ရှိထားဖို့ လိုအပ်တယ်။ psiphon2 ကို ဖွင့်ဖို့ psiphon2 အကောင့် ရှိထားတဲ့ သုံးစွဲသူ တဦးဦးဆီကနေ ဖိတ်ကြားချက် တစ်ခု ရယူရမှာ ဖြစ်တယ်။ ဒီနေရာမှာ ထုတ်ပြန်ထားတဲ့ သုံးစွဲနည်း စာအုပ်ငယ်ထဲမှာ ပါတဲ့ ဖိတ်ကြားချက်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Psiphon2 ပင်မ စာမျက်နှာကို ဖတ်ရှုပါ။
Peacefire ဟာ အများသုံးဖြစ်ပြီး၊ သုံးစွဲမှုအပေါ် မူတည်ပြီး လုံခြုံမှု ရှိနိုင်သလို၊ လုံခြုံမှု မရှိတဲ့ ကွန်ရက် အခြေပြု proxy အစုအဝေး တစ်ခုကို ဖန်တီးပေးနိုင်တယ်။ Peacefire proxy တစ်ခုကို အသုံးပြုတဲ့အခါ၊ မိမိနဲ့ proxy ကြားမှာ လုံခြုံမှု ရှိတဲ့ ဆက်သွယ်ရေးလိုင်း တစ်ခု တည်ဆောက်ဖို့ HTTPS လိပ်စာကို ထည့်သွင်းပေးရမှာ ဖြစ်တယ်။ proxy အသစ်တွေကို အီးမေးလ် အုပ်စု စာရင်းကနေ ပုံမှန် ထုတ်ပြန် ကြော်ငြာပေးလေ့ရှိတယ်။ မွမ်းမံချက်တွေကို ရရှိဖို့ Peacefire ကွန်ရက် စာမျက်နှာမှာ မှတ်ပုံတင်နိုင်တယ်။
မပြည်စုံသေးဘူးထင်ရင် ဒီနေရာမှာ ဆက်လက်လေ့လာနိုင်ကြပါတယ်..။
 Credit :ဝင်းကမ္ဘာကျော်