ဓာတ်ပုံတွေ ဗွီဒီယိုတွေ တည်းဖြတ်မယ် စိတ်ကြိုက်သီချင်းတွေထည့်ပြီးတော့ ဆလိုက်ရှိုးတွေလုပ်မယ်

ကဲဒါလေးကတော့ အားလုံးသိပြီးသားဖြစ်မယ်ထင်တယ် နောက်ဗားရှင်းတွေတော့ တော်တော်များများထွက်နေလောက်ပြီထင်တယ်
ဘယ်လောက်ထွက်ထွက် ဒါလေးကတော့ ဖူးဗားရှင်းလေးပါ ဒေါင်းလို့ရလာတဲ့ ဖိုင်ကလေးကို ဖြည်လိုက် ပါ အထဲမှာ တစ်ခုရှိနေသေးတယ် အဲဒါက အရင်ဗားရှင်းလေး ကီးတွေကတော့ File Nameမှာထည့်ထားပေးတယ်။Nameနှင့်Serial Keyရဲ့ ကြားမှာ အပေါင်းလက္ခဏာလေးခြားပေးထားပါတယ် သေချာဖတ်ပြီးတော့ လုပ်နော်.....ဗာရှင်းအသစ်ကလေးလဲအပြင်ဘက်ကနေထည့်ထားပေးထားပါတယ် သူကကျတော့ဓာတ်ပုံတွေအတွက်ပဲကောင်းတယ် Effectတွေထူးတယ်ပြောတာပါ ဗွီ
ဒီယိုအတွက်ကတော့ပါမလာပြန်ဘူးဗျာ  ပြောနေကြာတယ် ကိုယ်တိုင်သာစမ်းပြီးတော့သုံးကြည့်လိုက်တော့ အောက်မှာ ဒေါင်းသွားကြတော့နော်.....၊

Android မှာ အကြွေးစာရင်းတွေကို မြန်မာလိုတွက်ပေးမယ့် MM Account v1.1

 
MM Account v1.1 ဟာ Android စနစ်သုံး App တစ်ခုဖြစ်ပြီး အကြွေးစာရင်းဇယားတွေကို မြန်မာလို တွက်ချက်နိုင်ပါတယ်.. ပေးစရာရှိတာ၊ ရစရာရှိတာတွေကို မြန်မာလို သေသေချာချာမှတ်ထားနိုင်တဲ့အတွက် Myanglish လို မှတ်ထားစရာမလိုတော့ပါဘူး..

အဆင်ပြေပါစေ..


မောင်ပေါက်ဆိုဒ်ကနေ ကူးယူတင်ပြပါသည်

Android ဖုန်းအတွက် နှစ် 100 မြန်မာပြက္ခဒိန် Version 2 လေးပါ


MmYear100 သည် Androidphone များ နှင့် tablet များတွင် အခမဲ့ အသုံးပြုနိုင်သော အင်္ဂလိပ်-မြန်မာ နှစ်တစ်ရာပြက္ခဒိန် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း မှီတင်း နေထိုင်ကြကုန်သော မြန်မာနိုင်ငံသားများသာမက၊ ပြည်ပတွင် ပညာသင်နေသူများ၊ အလုပ်လုပ်နေသူများနှင့် အခြေချ နေထိုင်ကြနေသော မြန်မာနိုင်ငံသူ/သားများတို့အတွက်အင်မတန် လွယ်ကူ၍ အသုံးဝင်သော မြန်မာ ပြက္ခဒိန် application ဖြစ်ပါသည်။ အသုံးပြုသူများ၏တောင်းဆိုချက်နှင့် အားပေးမှုများကြောင့် လွန်ခဲ့သော ၂၄ မေလ (ကဆုန်လပြည့်) တွင် ပိုမိုကောင်းမွန်၍ လှပသော MmYear100 2.0 ကို ထပ်မံ ဖြန့်ဝေခဲ့သည်။

မြန်မာ Android ဖုန်းလောကတွင်လူကြိုက်အများဆုံးနှင့် အနှစ်သက်ဆုံး နှစ်တစ်ရာ ပြက္ခဒိန် ဖြစ်ပါသည်။ ခရစ်နှစ် ၁၉၀၁ မှ၂၀၁၆ ထိ ပါဝင်ပြီး၊ အင်္ဂလိပ်နှင့် မြန်မာ သက္ကရာဇ် နှစ်မျိုးစလုံး ပါဝင်သည်။ မြန်မာစာသွင်းထားရန် မလိုဘဲ ချက်ချင်းအသုံးပြုနိုင်သည်။ အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုရန်မလိုအပ်သည့်ပြင်၊ စာလုံး အကြီးအသေးကို ညှိနိုင်ခြင်းကြောင့် အလွန်အဆင်ပြေသည်။ မွေးနေ့ရှာလိုသူများ အင်္ဂလိပ်လို ဖြစ်စေ၊ မြန်မာလို ဖြစ်စေ အလွယ်တကူ အမြန်ဆုံး ရှာဖွေနိုင်သည်။ချစ်သူများအတွက် စိတ်တိုင်းကျ ပုံများကို နောက်ခံထား၍ အသုံးပြုနိုင်ပါသည်။ ရုံးဝန်ထမ်းများအတွက်မြန်မာနိုင်ငံ၏ တရားဝင် ရုံးပိတ်ရက်များကို အလွယ်တကူ ကြည့်နိုင်ပြီး၊ ဥပုတ်သီလ စောင့်တည်လိုသူများအတွက်လပြည့်၊ လကွယ်ကို ကြည့်ရှူ့ရန် အရှင်းလင်းဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။

အဆင်ပြေပါစေ..



                                  မောင်ပေါက်ဆိုဒ်မှ ကူးယူလာသည်..

Youtube က သီချင်းတွေ Phone ထဲကနေ အလွယ်Download ယူနည်း


ဖုန်းထဲကနေ ဗီဒီယိုတွေ သီချင်းတွေ ယူချင်ရင် ကောင်းမွန်တဲ့ဆော့ဝဲလေးတစ်ခုပါ

ဒီဟာလေးထည့်ထားလိုက် ။Youtube က သီချင်းတွေကို အလွယ်တကူ ယူနိုင်ပါပြီ

လိုင်းကောင်းဖို့ တော့လိုတယ်နော ။  စက်ရုံက ၀ိုင်ဖိုင်ရသူတွေအတွက် အဆင်ပြေ

လွယ်ကူပါတယ် စမ်းဒေါင်းကြည့်တာ အဆင်ပြေလို့  မျှဝေလိုက်ပါတယ်............။

MP3 အဖြစ်လည်း ဒေါင်းလုပ်ယူနိုင်ပါသေးတယ် တကယ့် ဖလမ်းဖလမ်းလေးပါ


ဒီလင့်မှာ ယူပါ - http://www.mediafire.com/youtube downloader

ဒီလင့်မှာ ယူပါ - http://www.androidfreeware.net.




အသုံးပြုပုံက

ဆော့ဝဲကို အင်စတောလုပ်ပြီး ဖွင့်ထားလိုက်ပါ
လိုချင်တဲ့သီချင်းကို ရှာပြီး ဖွင့်လိုက်ပါ ( မြန်မာလို အင်္ဂလိပ်လို ရှာနိုင်ပါတယ်)
သီချင်းကို Play လိုက်တာနဲ့  Download Or Watch လို့ ပေါ်ပါတယ်
Download ယူပြီးတာနဲ့  Phone ထဲက Download ဖိုင်ထဲမှာ ကြည့်ပါ



[TubeMate - The fastest and most famous YouTube downloader]

Visit http://tubemate.net to get more information
[The original fast download technology]
* Fast download mode(with multiple connections for a download)
* Multiple download resolution options
* Background, multi-download
* Resume downloading
* Convert to MP3 (powered by MP3 Media Converter)
* Playlist as video/audio(powered by Meridian Player)
* Share your video finds via Google Buzz, Twitter or e-mail at the tap of a button
* YouTube search and related videos suggestions
* Save favorite videos to your YouTube account, create playlists
မောင် (စွယ်စုံကျမ်း)လေးရဲ့ စေတနာလေးပါ လိုက်ရှာရင်းတွေ့လာလို့ တင်ပေးလိုက်တာပါ......၊

ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်း (for andriod phone)



ဖုန်းနဲ့ ပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။
  • ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် inslall ပါ.....။
  • ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။
  • ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့  Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။
  • and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။
  • add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။
screenshots လေးပြထားပါတယ်...။

 
 




ဒီလောက်ဆို သူငယ်ချင်းများ နားလည်မယ်လို့မျှော်လင့်ပါတယ်.....။ဒီနည်းလေးကို ကိုအောင် ရဲ့ ဆိုက်မှ တွေ့ လို့ အားလုံးသိစေရန်ရည်ရွယ်ချက်ဖြင့် ကျနော်ပြန်လည်မျှဝေပေးပါတယ်.....။အသေးစိတ် ကိုတော့ ဒီလင့်မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်....။
 Features:
 ★ Widget with a maximum of 6 operating modes:
 ★ Hide Caller ID for all calls
 ★ Always submit Caller ID
 ★ Hide Caller ID for next call only
 ★ Hide Caller ID for all calls except for numbers from your phone book (PRO Version)
 ★ Show Caller ID for selected contact groups (PRO Version)

 ★ Widget always shows the selected operation mode
 ★ you can change the GSM-Code prefix
 ★ Notification for the current status can be set up into notification bar
 ★ Visually impaired people with color-blindness can recognize symbols easily
 ★ Admin-UI mit many settings
 ★ clean the call log from the prefixes
အားလုံးပဲအဆင်ပြေပါစေ...။

OctroTalk (for andriod phone)



OctroTalk ဆောဝဲလေးကတော့ andriod ဖုန်းတွေမှာ gtalk call ချင်တဲ့သူငယ်ချင်းအတွက် တင်ပေး လိုက်ပါတယ်...။gtalk ကို အကောင့် တခုထက်မက ဖုန်းမှာ သုံးချင်တဲ့ သူတွေ အဆင်ပြေအောင် ကျနော် ရှာတွေ့သမျှ ဆောဝဲတွေ ပြန်လည်မျှဝေပေးခြင်းဖြစ်သည်...။အသုံးလိုတဲ့ သူငယ်ချင်းတွေ အောက်က လင့်မှာ ဒေါင်းယူနိုင်ပါပြီ.....။
>>>>>Download<<<<<
App Screenshots


ဘော်ဘော်ဆီကနေ မ လာပေးတာဗျ အားလုံးအဆင်ပြေပါစေ......။

ဘယ် Memory Stick, SD Card ကိုမဆို 4GB အထိမြှင့်မယ်

သိတဲ့သူတွေသိကြမှာပါ အရင်တုန်းက 1GB ပမာဏရှိတဲ့ Memory Stick , SD Card တွေကို  2GB အထိတိုးတဲ့ Software လေးရှိခဲ့ဖူးပါတယ်.အခုလဲရှိပါတယ်..အဲဒီတုန်းက ကျနော် စမ်းသပ်ရင်း တကယ်တိုးသွားတာလဲ မြင်ရရော..တော်တော်ပျော်ပြီး သူငယ်ချင်းတွေကို လျှောက်ကြွားခဲ့ဖူးပါတယ်.. သူငယ်ချင်းတွေကလဲ..2GB ကနေ 4GB အထိရော တိုးမရဘူးလားတဲ့...? ကျနော့်ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်..ကျနော်ပြန်မဖြေနိုင်ခဲ့ပါဘူး..............အခု ကျနော်ပြန်မဖြေနိုင်ခဲ့တဲ့ မေးခွန်းရဲ့အဖြေကိုဖြေရှင်းပေးဖို့ အဖြေထွက်ပေါ်လာပါပြီ...4GB ပမာဏ အောက်ရှိတဲ့ Error ကင်းစင်သော မည်သည့် Memory Stick, SD Card ကိုမဆို 4GB ထိရောက် အောင်တိုးပေးနိုင်တဲ့နည်းလမ်းလေး..အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ..ကျနော်ကိုယ်တိုင် စမ်းသပ်သလို..မလေးရှားက အစ်ကိုတစ်ယောက်နဲ့လည်းစမ်းသပ်အောင်မြင်ပြီးပါပြီ..ဒါကြောင့် အားလုံးရဲ့အရှေ့ကို ချပြလိုက်ပါပြီခင်ဗျာ..ဒီနေရာလေးမှာ နည်းနည်းလောက်ကျနော်ပြောချင်တာက သေချာလုပ်ပါ.ဖြေးဖြေးချင်းလုပ်ပါ..တစ်ချို့က မရဘူးအော်ပါလိမ့်မယ်..ဒါပေမယ့် ရပါတယ်လို့ဘဲပြန်ဖြေစရာရှိပါတယ်ခင်မျ.. ကျနော်တို့ ဒီလို ကျူတိုရီရယ်တွေရေးတယ်ဆိုတာ အများရဲ့ဝေဖန်မှုကို ခံရပါတယ်..လျောက်ရေးတယ်..မဟုတ်တာတွေရေးတယ်ပေါ့ဗျာ..ကျနော်တို့လျှောက်ရေးတယ်ဘဲထားဦး
ကျနော်တို့ရဲ့ရည်ရွယ်ချက်က အသိပညာပေးဖို့ပါ..ကျနော်တို့ကိုယ်တိုင်လဲ လေ့လာနေဆဲအဆင့်တွေ
ရှိပါသေးတယ်..ဒါကြောင့်အင်တာနက်မှာမွှေနှောက်ရှာဖွေရင်း တွေ့တာလေးကိုချပြတဲ့သဘောပါ..ဒါ
ကြောင့်အဆင်မပြေခဲ့ရင်လည်း နားလည်ပေးစေချင်ပါတယ်..ဒါကြောင့် မရဘူး..အဆင်မပြေဘူးဆိုရင်
ပြောစရာဖြစ်လာမှာစိုးလို့ ကြိုပြီးတောင်းပန်ထားရတာပါ..ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပါတယ်

ကဲ..ဘယ်လိုလုပ်မလဲစကြည့်လိုက်ရအောင်..။လိုအပ်တဲ့ Software ကိုအရင်ဒေါင်းလိုက်ပါ။ ကြိုက်ရာ link ကနေဒေါင်းပါ။

Download ==>  Link 1 / Link 2 / Link 2
အရင်ဆုံးမိမိပြုလုပ်လိုတဲ့ Stick ထဲမှာ မည်သည့် Data Files မျှရှိမနေရပါဘူး။ သေချာပြီဆိုရင်
 မိမိတိုးလိုတဲ့ Memory Stick ကို ကွန်ပျူတာမယ်တပ်လိုက်ပါ။ My Computer ထဲကို ၀င်ပြီး မိမိရဲ့ Stick ကိုမှတ်ရလွယ်တဲ့နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော် Stick နာမည်က My Computer ထဲမှာ
Ithelper(G:) ဆိုပြီးပေါ်နေပါမယ်။ ..အိုကေ အကုန်အဆင့်သင့်ဖြစ်ပြီဆိုရင် Software ကို Run လိုက်ပါ.. အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာ Running this will increase/decrease the size of a memory stick to 4GB.Type what you want to call the USB stick.
 ဆိုတဲ့ စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ Ithelper ဆိုပြီး ရိုက်ထည့်လိုက်ပါပြီ။ ပြီးတာနဲ့ Enter နှိပ်လိုက်ပါ။ ဥပမာ မိမိရဲ့ Stick က Amycho(H:) ဆိုပြီးပေါ်နေရင် amycho ဆိုပြီးရိုက်ထည့်ကာ Enter နှိပ်ရပါမယ်။ အဲလို နှိပ်လိုက်တာနဲ့ နောက်ထပ်စာတန်ုးတစ်ခုပေါ်လာပါမယ်..အောက်ကပုံကိုကြည့် ပါ။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာမြင်ရ တဲ့အတိုင်း Type the Drive LETTER! ဆိုတဲ့စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ မိမိရဲ့ Drive Letter ကိုရိုက်ထည့်ပေးရပါမယ်..ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ Stick သည် Ithelper(G:) ဖြစ်တဲ့အတွက် အကွက်ထဲမှာ G ဆိုပြီးရိုက်ထည့်လိုက်ပါမယ်။ မိမိတို့ရဲ့ Stick က ဥပမာ Amycho(H:) ဆိုရင် H ဆိုပြီး၇ိုက်ထည့်ပေးရပါမယ်။ jockerlay(F:) ဆိုရင် F ဆိုပြီးရိုက်ထည့်ပေးရပါမယ်...အိုကေ..ဒါလောက်ဆိုရင် Drive Letter ဆိုတာကိုနားလည်ကြပြီထင်ပါတယ်။ အခု ကျနော် Stick ရဲ့ Drive Letter သည် G: ဖြစ်တဲ့အတွက် G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါပြီ။
Enter နှိပ်လိုက်တာနဲ့ Type Drive Letter (again!) to start. ဆိုတဲ့ စာသားပေါ်လာပါတယ်.. Drive Letter ကိုထပ်ထည့်ခိုင်းတာပါ..အပေါ်ကအတိုင်းပါဘဲ G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။
Enter နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အနီရောင်စာသားတွေ တက်လာပါလိမ့်မယ် ခဏလောက်စောင့်ပြီးတာ
နဲ့ Done! Press any key to exit ဆိုတာ ပေါ်လာပါလိမ့်မယ်...Enter တစ်ချက်နှိပ်ပြီး Stick ကို ကွန်ပျူတာမှ စနစ်တကျဖြုတ်ပြီး ပြန်တပ်ကြည့်ပါ.. 3.99GB ဖြစ်နေတာကိုမြင်ရပါလိမ့်မယ်ခင်မျာ.. တိုးသွားတာကိုမယုံ သေးဘူးဆိုရင် Data တွေကိုထည့်ကြည့်ပါဦး 3.99 GBအထိအပြည့်ထည့်နိုင်တာကို 
တွေ့ရပါလိမ့်မယ်ခင်ဗျာ။
မှတ်ချက်==> USB Stick တွေကို Name ပေးမယ်ဆိုရင် Mg MG(G:) ဆိုပြီး မောင်မောင်နာမည်နှစ်ကြားမှာ Space Bar မခြားပါနှင့်.. MgMG(G:) ဆိုပြီးတွဲရက်ပေးပါ။ပြီးမှ အဆင့်တွေကို ဆက်လုပ်ပါ။
ယခုနည်းလမ်းသည် အန္တရာယ်ကင်းရှင်းစွာဖြင့် စမ်းသပ်ပြုလုပ်နိုင်ပါတယ်..သေချာလုပ်ကြည့်ပါ..ရကိုရပါ
တယ်..မရတဲ့ သူအချို့လဲရှိနိုင်ပါတယ်..သေချာစမ်းကြည့်ပါ..မရရင် အခြား Stick , SD Card များဖြင့် စမ်းကြည့်ပါ။ တစ်ခုခုမှားယွင်းသွားတယ်ဆိုရင်..ဥပမာ..8 GB ရှိတာကို မှားယွင်းပြီး 4 GB ပြောင်းလဲမိတယ်ဆိုပါစို့..မစိုးရိမ်ပါနဲ့ Format သာချပေးလိုက်ပါ..မူလ 8GB ကိုပြန်ရပါလိမ့်မယ်ခင်မျာ..ကဲ..အားလုံးဘဲ..စမ်းသပ်ကြည့်နိုင်ကြပါပြီခင်မျာ ..
မှတ်ချက် => တစ်ချို့သော Memory Stick တွေအဆင်မပြေပါဘူး..ဒါပေမယ့် ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပေးပါတယ်ခင်မျာ( Myanmar IT Helper )