Pages

Pages - Menu

Pages

Friday, March 15, 2013

copy ကူးခြင်းကို 3 ဆမြန်စေတဲ့ tera copy 2.27 Softwareလေး

မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ .။
ကျွန်တော် ဒီတစ်ခေါက်မှာတော့ အင်တာနက်အသုံးပြုသူတိုင်းလိုအပ်တဲ့ tera copy 2.27 ကိုတင်ပေးလိုက်ပါတယ်.။  သီချင်း  ဗီဒီယို ဆောဖ့်ဝဲ ဂိမ်း စသဖြင့် ကော်ပီကူး ခြင်းတွေ ကို မြန်ဆန်အောင်
ပြုလုပ်ပေးပါတယ်။ မိတ်ဆွေများ အချိန် 3 နာရီ ကော်ပီ ကူး တဲ့ အခါမှာ သူက နှစ် နာရီကို ဖြုတ်ပစ်ပါလိမ့်မယ်.။ တစ်နာရီ လောက်အချိန်နဲ့ ပဲ ကော်ပီ ကူးသွားမှာပါ ။ သုံးမိနစ်ကြာတဲ့နေရာမှာ
တစ်မိနစ်ပေါ့ .။ အဲ့လိုမျိုး  သုံးဆမြန်ဆန်စေပါတယ် ။ လုပ်နည်းလေးကလည်းတော်တော်ကို လွယ် ပါတယ်။
နောက်ပီး portable လေး ဖြစ်တာ မို့လို့ မန်မိုရီ စတစ် အသုံးပြုသူများ သယ်ဆောင်ထားလို့ ရပါတယ် ။
အောက်မှာ လုပ်ပုံ လုပ်နည်းလေး ကို ကျွန်တော် ပုံနှင့်တကွ ပြလိုက်ပါတယ်  ။


tera copy ပုံ
ပုံမှာပြထားတဲ့အတိုင်းလေးပါပဲ ။ အပေါ်မှာ Drop files here ဆိုတာလေး ကိုတွေ့မှာပါ ။
ကော်ပီ   လုပ်ချင်တဲ့ ဖိုင် ဂိမ်း ဆောဖ့်ဝဲ  သီချင်း  စတာတွေကို ကလစ်နဲ့ဖိဆွဲပီးတော့ Drop files here
မှာ လွတ်ချလိုက်ပါ.။
ဒါဆိုရင် ကူးမယ့်ဖိုင်တော့  ရပီ .။
ဘယ်ကို ကော်ပီ ကူးမှာလဲ ဆိုတာ ပဲကျန်ပါတယ်။ copy to ဆိုတာလေး
ကိုကလစ်လိုက်ပါ .။




ဒီပုံလေးပါ
အဲ့တာလေးကို ကလစ်ပီး ရင်  browse မှာ ကိုလို ချင်တဲ့ တားဂတ်ကို  ပေးလိုက်ရင်ရပါတယ်.။
လိုချင်တဲ့ တားဂတ်ကို ပေးပီး ပီ ဆိုရင် ဆောဖ့်ဝဲက  စတင် အလုပ်လုပ်ပါလိမ့်မယ် .။ ပုံမှန် ကျွန်တော်တို့ ကူးနေကြ ကော်ပီ တွေ ထက်  ပို မို 3 ဆမြန်ဆန်စေတာကြောင့်  ဘယ်လောက်မှ မစောင့်ရ ပါကြောင်း .။
ကျွန်တော် လဲ လက်ရှိ အာ့လေး ကို ပဲ  သုံးနေပါကြောင်းးးး.။
ဒေါင်းလုပ်လုပ်ရန် >>>>>>    ဒီမှာ ဒေါင်းမယ်

 အားလုံး ပဲ အဆင်ပြေကြပါစေ ခင်ဗျာ..။ 
ကျေးဇူးတင်ပါတယ် .။


No comments:

Post a Comment