Pages

Pages - Menu

Pages

Wednesday, July 10, 2013

ဘီယာဗူးခွံ ( သို့ ) Code ဗူးခွံ ကိုအသုံးပြုပြီး WiFi Signal မြင့်တက်အောင် လုပ်နည်း

Myanmar IT Helper ကတော့လုပ်ချလိုက်ပြန်ပြီ..ကဲအောက်မှာဆက်ဖတ်ကြည့်လိုက်ကြတော့ဗျာ..
 ဘီယာဘူးခွံနဲ့ Wifi Signal မြင့်အောင်လုပ်နည်းလေးတွေ့လိုတင်ပေးလိုက်ပါတယ်ခင်ဗျာ..သိတဲ့သူများရှိ
ရင်လည်း ဒီထက်ကောင်းတဲ့အကြံဥာဏ်များပေးနိုင်ပါတယ်..မသိတဲ့သူများကလည်း လေ့လာစမ်းသပ်နိုင်
ကြပါတယ်..ကဲ စလိုက်ကြရအောင်နော်...
 
1) ဘီယာဘူးခွံ ဒါမှမဟုတ် Code ဘူးခွံအလွတ်တစ်လုံးကိုယူပြီး ရေစင်ကြယ်အောင်ဆေးပါ
2) ပီးတာနဲ့ အခြောက်ခံပြီး အပေါက်ဝထိပ်ဆုံးက မောင်းတံလေးကို ဖြုတ်ပစ်လိုက်ပါ။
3)ပြီးတာနဲ့ စာရွက်ဖြတ်တဲ့ ဓားကိုအသုံးပြုပြီး ဘူးခွံအောက်ခြေကို ပုံမှာပြထားတဲ့အတိုင်း ဘူးခွံရဲ့ အောက်ဆုံးပိုင်းကိုအကုန်ဖြတ်ထုတ်ပစ်လိုက်ပါ
4)အောက်ပုံကတော့ ဘူးခွံရဲ့ထိပ်ပိုင်းကို သုံးပုံ ပုံရင် နှစ်ပုံခန့်အ၀ိုက်လိုက်ဖြတ်တောက်တာကို ပြထားတာပါ..အနီလိုင်းတွေက
တော့ဖြတ်တောက်ရမယ့် နေရာတွေဖြစ်ပြီး အဖြူလိုင်းကတော့မဖြတ်ဘဲ ထားရမယ့်နေရာပါ

5) အောက်ပါပုံကတော့ အနီလိုင်းပြထားတဲ့အတိုင်း အခွံသားတွေကို ဖြတ်ထုတ်ပစ်ရမယ့်အပိုင်းပါ
6) ပြီးတာနဲ့ ဘေးအခွံသားတွေကိုသေချာဖြန့်ထုတ်ပစ်ပြီး ဘူးခွံရဲ့ထိပ်ဆုံး နှစ်နေရာကို အလွန်စေးကပ်မှုမရှိတဲ့ ကော် .. ဒါမှမဟုတ် နှစ်ဖက်ကပ်ဖော့တိပ် ကပ်ပေးလိုက်ပါ..
7) ပြီးတာနဲ့အောက်ပုံမှာပြထားတဲ့အတိုင်း Router ရဲ့ အင်တာနာတိုင်မှာ စွပ်ပေးလိုက်ရုံပါဘဲ..သိသိသာသာ Signal မြင့်လာတာတွေ့ရပါလိမ့်မယ်..မိမိ Signal ပိုရောက်လိုတဲ့နေရာ
ကို ဘီယာဘူးခွံလေးအား လှည့်ပေးကြည့်လိုက်ပါဦး..လှည့်ဘေးတဲ့ဘက်ကို လိုင်းပိုရောက်လာပါလိမ့်မယ်.ဥပမာပြောရရင် တီဗီအင်တာနာ .. စလောင်း တို့လိုမျိုးဥပမာပေါ့...ကဲ..စမ်းသပ်ရင်းနဲ့ပျော်ရွှင်နိုင်ကြပါစေခင်မျာ။

No comments:

Post a Comment