Pages

Pages - Menu

Pages

Thursday, August 22, 2013

Android ဖုန်းထဲက မလိုချင်တဲ့ Google Account ကို Google Account Remover နဲ့ဖျက်မယ်..

ဆော့ဖ်ဝဲက အထူးဆန်းကြီးတော့မဟုတ်ပါဘူး.. ဒါပေမယ့် မိမိ Google account ကို သူငယ်ချင်းဖုန်းတွေမှာ ထည့်သုံးပြီးတော့ Setting > Accounts & Sync ထဲကနေ

Remove လုပ်လို့မရတော့ဘူးဆိုရင်တော့ အခုဆော့ဖ်ဝဲက အသုံးဝင်မှာပါ။
သို့ပေမယ့် Root တော့ လိုပါမယ်။
အရင်တုန်းက သုံးခဲ့ဖူးတဲ့ နည်းတွေအတိုင်း /data/system/ အောက်ထဲက accounts.db ကို ဖျက်လိုက်လည်းရပါတယ်။
သို့ပေမယ့် accounts.db ကို ဖျက်လိုက်ခြင်းအတွက် contact တွေပျောက်မယ်၊ အနောက် အခြားအကောင့်တွေရော အကုန်လုံးပြန်ပျက်သွားပါမယ်။
အခုဆော့ဖ်ဝဲကတော့ အဲ့ဒီလိုတွေမဖြစ်ပဲ မိမိဖျက်ချင်တဲ့ account လေးကိုပဲ ရွေးပြီးဖျက်ရုံပါပဲ။
သုံးပုံသုံးနည်းကလွယ်ပါတယ်။ ဆော့ဖ်ဝဲကို run လိုက်ရင် super user access လာတောင်းပါမယ်။ Grant or Allow လုပ်ပေးလိုက်ပါ။
ခဏစောင့်ပြီးရင် မိမိဖုန်းထဲမှာ သုံးထားတဲ့ account list ပေါ်လာပါမယ်။ အဲ့ဒီထဲကမှ မိမိပယ်ဖျက်ခြင်တဲ့ account ကို ဖိထားပြီးတော့ Delete ဆိုတာကိုနှိပ်ရုံပါ။
ပြီးသွားရင် restart ဆင်းပါ ဖုန်းပြန်ပွင့်လာရင် setting > account & sync ထဲမှာ ခုဏက ဖျက်လိုက်တဲ့ အကောင့်မရှိတော့ပါဘူး..






အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Ref & Credit : www.mm-mpxteam.com

Download Here !
Dev-Host

DropBox

Davvas
 

No comments:

Post a Comment