Firmware ရှာတာ Pro တွေအတွက်တော့ လွယ်ကူတယ်ဆိုပေမယ့် ကျွန်တော်တို့လို မိုလ်ဘိုင်းလောကထဲဝင်ကစ လူတွေအတွက်တော့ ခက်ပါတယ်... ပြီးခဲ့တဲ့နှစ်ရက်လောက်က Y320-U01 လေးကို Firmware ရှာတာ မူးနောက်သွားလို့ ပြီးတော့ Bro Sai Arkar ရဲ့ Tool လေးစီကနေ အကြံရပြီး ဒီ Tool လေးကို လုပ်ဖြစ်သွားတာပါ... ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဒီ Tool က Web အပိုင်းအဓိကဆိုတော့ ကျွန်တော်တို့ရဲ့ Web Developer ကြီး Green Like Orange ရဲ့ အဓိကလုပ်အားချည်ပါပဲ။ ကျွန်တော်လုပ်ထားတာက နည်းနည်းပါးပါးပါ။ နောက်ထွက်မယ့် Version မှာ Bro Green Like Orange ကပဲ အားလုံးကို လုပ်ပါလိမ့်မယ်... ကျွန်တော်က နောက်လိုက်ပေါ့
ရှာပုံရှာနည်းကတော့ တရုတ်ဘက်ကသွင်းတဲ့ အလုံးတွေအတွက် ဘယ်ဘက်အပေါ်ဘက်က ComboBox လေးကို Click ပြီး China ကိုရွေးပါ... Singapore နဲ့ တစ်ခြားအလုံးတွေဆိုရင်တော့ Global ကိုရွေးပါ ထို့နောက် SearchBox မှာ ဖုန်းအမည် ဥပမာ Ascend P6 (သို့) ဖုန်းမော်ဒယ် ဥပမာ G610-U00 အစရှိသဖြင့် ရိုက်ပြီးရှာနိုင်ပါတယ်ခင်ဗျာ........
0 comments:
Post a Comment