Pages

Pages - Menu

Pages

Monday, October 14, 2013

Viber Lock For Android Apk ( Viber ကိုသော့စ်ခတ်မယ်)


ကျွန်တော်တို့တွေ တစ်ခါတစ်လေမှာ အလိုက်မသိတဲ့ သူငယ်ချင်းတွေကြောင့်  စိတ်ညစ်ရတယ်။ (အလိုက်သိသောသူငယ်ချင်းမပါ)  ဘာကြောင့်လဲဆိုတော့ ဖုန်းကိုယူကိုင်ရင် ဟိုနှိပ်ဒီနှိပ်နဲ့ ပြီးတော့
ကျွန်တော်တို့ Viber ကိုနှိပ်ကြည့်ဖွင့်ကြည့်တဲ့အခါမှာ ကိုယ်ပြောချင်သူနဲ့ ပြောခဲ့တာ၊ ပုံတွေပို့ခဲ့တာ ၊ တွေ
သူတို့ တွေ့မြင်နိုင်တယ်။ ပြီးတော့ စာရေးလိုက်၊ ပုံပို့လိုက်နဲ့ကလိကြတယ်။ ကျွန်တော်တို့ Viber မှာ
Offline ဖြစ်နေရင်တောင် စာပို့၊ပုံပို့ မလုပ်နိုင်ပေမယ့် ရေးပြီးသားတွေဖတ်လို့ရနိုင်တယ်လေ။
ကျွန်တော်တို့တွေ သူငယ်ချင်း ယောက်ျားလေး (or) မိန်းကလေးတွေနဲ့  ပြောဆိုစနောက်တာတွေ
(ချစ်သူရည်းစားဆိုရင်လည်း ရင်ဖွင့်စကားလုံးတွေ) ကိုသူငယ်ချင်းတွေ တွေ့မြင်ရမှာစိုးရိမ်တယ်ဆိုရင်တော့
အေက်က Viber Lock Apk လေးကိုဒေါင်းပြီးထည့်ထားလိုက်ပါ။  ဆော့စ်ဝဲလ် ထည့်ပြီးရင်
Password နေရာမှာမိမိ ကြိုက်နှစ်သက်တဲ့ Pass ကိုပေးလိုက်ပါ။  ပြီးရင်တော့ Status ကိုတော့ On
ပေးထားလိုက်ပါ။ ဒါဆိုရင်တော့ Viber ကို  ကိုယ်တိုင်သော်လည်းကောင်း ၊ သူငယ်ချင်းသော်လည်းကောင်း ၊ ဖွင့်လိုက်တာနဲ့ Pass တောင်းနေတာတွေ့ရမှာပါ။
ပုံမှာပြထားပါတယ် Reset / Chang PIN ဆိုတဲ့နေရာမှာ မိမိ Pass ကိုမသုံးတော့ဘူးဆိုရင် ဒါမှမဟုတ် နံပါတ် ပြောင်းမယ်
ဆိုရင် အဲ့ဒီ့ Reset/Chang PIN ကိုနှိပ်ပြီး ဖြုတ်နိုင် ၊ ပြောင်းနိုင်ပါတယ်ခင်ဗျာ။ Android သမားတွေအတွက် Google Play ကနေလည်း တိုက်ရိုက်ဒေါင်းနိုင်အောင်လုပ်ပေးထားပါတယ်။




အလိုက်မသိသူငယ်ချင်းတွေရန်ကအေးငြိမ်းကြပါစေ။





နည်းပညာမြို့တော်

No comments:

Post a Comment