Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

စိုင်းစိုင်းတောင် ထိုင်ငိုသွားမယ်


စိုင်းစိုင်းတောင် ထိုင်ငိုသွားမယ် ... အဲ !


" မျောနေတဲ့ လေပြည်ကြားမှာ.........မတ်တတ်ရပ်ရင်း အပေါ့တွေသွား......

မိုးတိမ်ကို မော့ကြည့်တော့.........စာကလေးက ချီးပါချ

ကမ်းခြေက အမှိုက်တွေပွ........အမှိုက်ကားကို လွမ်းနေရ

အနံ့ဆိုးများ ခုန်ပေါက်ပြေးဆော့........ပတ်ဝန်းကျင်မှာ အကျည်းတန်သွား

အရင်ကဆို ဒီညလို......မီးက ခဏခဏ မပျက်ပါဘူး

သိပ်ဝမ်းနည်းစရာ ကောင်းတာတစ်ခုက......ငါ့မှာ ဖယောင်းတိုင် မရှိတော့ဘူး

မလာတော့ဘူး ဆိုရင်လည်း မင်းစိတ်ကြိုက်သာ လုပ်ပါ လုပ်ပါ

ဒီလိုနဲ့ ညတွေအားလုံး လွတ်ခဲ့ရတဲ့ တရုတ်ကား များစွာ........"


.

.

.

" အဲဒီနေ့က မိုးမရွာ........ငါ့မှာလည်း ပုဆိုးမပါ " အဲ ...



အဖြူရောင်လမ်းကလေး

ကိုယ်ရူးတယ်လို့ပြောချင်ပြောပါ ဖေးစ်ဘုတ်ပေါ်က ဟာသလေး ကြိုက်လွန်းလို့ တင်ပေးလိုက်ပါတယ်

၁၉၉၇......
ဒီဇင်ဘာ လ ၁ ရက်
ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲ ဇယားကိုစတင်ခဲ့
အဲဒီနေ့က အပူးမထွက်ပါ....။
ဒီဇင်ဘာ ၈ရက်....
>
> နှလုံးသားကို ဓာတ်လိုက်ခဲ့
> တစ်လုံး ပဲလွဲ ခဲ့.....။
> ဧပြီ ၁၀ ရက်
> ကျွန်တော့်မွေးဂဏန်းလေး ထွက်သွားတယ်
> အို့..အို...အရူးအမူးပဲ....။
> မေလ ၂၃....
> ဘ၀တစ်သက်စာ ချဲထိုးစားတော့မယ်လို့
> လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲ
> ပျော် မြူးခဲ့....။
> တစ်ညလုံး မအိပ်ဘဲ ချဲတွက်ခဲ့
> တဘ၀ လုံးဆိတ်သုန်း
> မွဲရောပဲ......ပေးလိုက်ရတာဆွဲကြိုးနဲ့
> ပြန်ရလိုက်တာ အကြွေးစားရင်းပဲ....။
> အောက်တိုဘာ ၁၆ ရက်....
> ပျော်ခဲ့ရတဲ့နေ့တွေရှိ သလို
> ထမင်းငတ်တဲ့နေ့တွေလဲရှိခဲ့....
> ပြန်ပေါက်လိုက် ပါသွားလိုက်နဲ့...
> အကြွေးနွံထဲ နစ်ခဲ့......။
> ဖေဖေါ်ဝါရီ ၉ ရက်...
> (ကျွန်တော်ဘ၀လဲ...ကွဲပျက်..)၂.....။

[?] (ကျွန်တော့်ကိုသနားလို့တဲ့....သူတောင်းစားကငွေနှစ်ရာပေးသွားတယ်...သောက်ရှက်ကို....ကွဲရော...)

ပုဂံအွန်လိုင်းမီဒီယာ