Showing posts with label Knowledge For Computer. Show all posts
Showing posts with label Knowledge For Computer. Show all posts

Virus တွေဘယ်နေရာမှာခိုအောင်းနိုင်သလည်း ရှာကြည့်ချင်ကြမယ်




ကွန်ပျူတာအသုံးပြုသူတိုင်း Virus အကိုက်မခံရဖူးသူရယ်လို့
မရှိပါဘူး။ ကြောက်စရာလည်းမလိုပါဘူး။ ဒါကြောင့် အချို့ကတော့
Anti-Virus တွေကိုအသုံးပြုကြပါတယ်။ဒါကလည်းသူတို့ခံယူချက်
ပေါ့ဗျာ.. Anti-Virus ဆိုတာဗိုင်းရပ်တွေကိုသတ်ပေးဖို့လို့ပဲသတ်မှတ်
ထားကြလို့ပါ။ တစ်ကယ်တမ်းမှာက Anti-Virus တိုင်းက Virus တိုင်း
ကိုမသတ်ပေးပါဘူး။ အဆိုးဆုံးကတော့ Update မဖြစ်တဲ့အခါမျိုးမှာပေါ့..
အတွင်းပိုင်း System ဖိုင်တွေကိုပါ မှားယွင်းစွာဖြင့် Virus ပါဆိုပီးဖျက်
ပလိုက်တဲ့အဆင်ထိတွေဖြစ်ပီး Window Operation System ကြီးတစ်
ခုလုံးကမောက်ကမ ဖြစ်သွားတဲ့အဆင့်ထိဖြစ်တတ်ပါတယ်။ နောက်တစ်
ခု ကျွန်တော်တို့ မြန်မာတွေက Software တွေဆိုရင် License Version
ကို ၀ယ်သုံးတဲ့လူရယ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ချိုးရေလို့
ရပါတယ်။ ဒါကြောင့် အများစုက Crack File, Keygen File တွေနဲ့ပဲ
အသုံးပြုကြပါတယ်။ ဒီလို Crack File တွေ Keygen File တွေကိုလည်း
Anti-Virus က Virus ပါဆိုပီးဖျက်လိုဖျက်နဲ့ အိုရှုပ်နေတာပဲ……အရှင်း
ဆုံးကတော့ ကျွန်တော် ဘယ် Anti-Virus ကိုမှ အထင်မကြီးလို့ ဘာ
Anti-Virus ကိုမှ မသုံးဘူး ၀င်လာမလား ကြိုက်တဲ့အကောင်လာ
Manual ပဲသတ်ပလိုက်တယ်….အခုတစ်လောနာမည်ရနေတဲ့
Anti-Virus တစ်ခုဖြစ်တဲ့ Microsoft Security Essential ဆိုလည်း
ဒီအတိုင်းပဲ Virus File အချို့ကို Pass လုပ်လိုက်တာမျိုးတွေ့ရတယ်။
ဒီတော့ Manual သတ်တဲ့နည်းတွေထဲကမှာအရင်ဆုံးသင့် Computer
ကို Virus တိုက်ရိုက်မ၀င်နိုင်အောင်တော့ အရင်ကာကွယ်ရပါမယ်။
မည်သည့် ဗိုင်းရပ်စ်မဆိုသူတစ်ဦးတစ်ယောက်တည်းနဲ့ အလုပ်မလုပ်ပါ။
သူ့အတွက် အလုပ်လုပ်အောင်ခိုင်းစေပေးသော autorun.inf ဆိုတဲ့ ဖိုင်
လေးနဲ့ တွဲပီးလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို Window Operation
System မှာ Auto Run ဖြစ်မယ့် Services ကိုတော့ပိတ်ထားဖို့လိုပါမယ်။
ဒီတော့ အရင်ဆုံး Run Box ထဲကနေ ‘gpedit.msc’ လို့ရိုက်ပါ။ ပီးသွားရင်တော့
အထက်ပါအတိုင်းComputer Configuration အောက်က Window Component ထဲကိုဝင်
ပီးညာဘက်ခြမ်းမှာရှိတဲ့ AutoPlay Policies ကို ၀င်လိုက်ပါ။ ပီးရင်တော့
အထက်ပါပုံအတိုင်းမှာ Turn off Autoplayကို နှစ်ချက်နှပ်ပီးထပ်ပေါ်လာမည့်
Box ထဲမှာ Enabled ကိုရွေး၊ All Drives ကိုရွေးပီး Apply/ OK လုပ်လိုက်ပါ။
ထို့နောက် User Configuration အောက်မှာလည်းအလားတူပဲလုပ်ဆောင်
လိုကပါ။ ပီးသွားရင်တော့ Run Box ထဲမှာ ‘gpupdate /force’ ဆိုပီးရိုက်လိုက်
ပါ။ ဒဆိုရင်တော့ Auto Play Services ကိုပိတ်ထားပီးပီဖြစ်ပါတယ်။ဒီတော့
ဗိုင်းရပ်တွေခိုအောင်းနိုင်တဲ့နေရာတွေကိုပြောပါမယ်။
၁- C: (ဗိုင်းရပ်စ်အမျိုးအစားအားရှာရန်)
၂- C:\Windows (ဗိုင်းရပ်စ်အမျိုးအစားအားရှာရန်)
၃- C:\Windows\System32 (ဗိုင်းရပ်စ်အမျိုးအစားအားရှာရန်)
၎- C:\MSOCache\All Users
ထဲကဟာတွေကိုအကုန်ဖျက်လိုက်ပါ။
၅- C:\User\OWNER\AppData\Local\Temp
အကုန်လုံးကိုဖျက်ပစ်ပါ။ ဒါတွေက %temp% ဖိုင်တွေပါ။
၆- C\Recycle Bin
၎င်းဖိုင်ကိုလည်းဖျက်ပစ်ပါ။အထက်ဖော်ပြပါ နေရာတွေကတော့
ဗိုင်းရပ်စ် အလွယ်ခိုအောင်းနိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်။ ဒီလောက်
ဆိုရင် Virus Manual Killing အတွက် အစပိုင်းရလောက်မယ်လို့
ထင်ပါတယ်။ နောက်ပိုင်းအလျင်းသင့်လျှင်သင့်သလိုမည်သည့် ဗိုင်းရပ်စ်
အမျိုးအစားကိုမဆိုဘာ Anti-Virus မှာမသုံးပဲ Manual သတ်တဲ့နည်း
တွေကိုဆက်လက်ဖော်ပြပေးခွင့်ပြုပါဦးခင်ဗျာ… အားလုံးအဆင်ပြေပါစေ
လေးစားစွာဖြင့်

Mozlla Firefix မှာ မြန်မာလို အပြည့် မပေါ်တဲ့ သူတွေ ဒီနည်းလေးကို ကြည့်ပေးပါ။


အခုမှစလေ့လာတဲ့ သူငယ်ချင်းတော်တော်များများက ပုံထဲကလို မြန်မာစာ အပြည့် မပေါ်ရင်, ဘယ်လိုလုပ် ရင် မြန်မာစာ အပြည့်ပေါ်မယ်ဆိုတာကို မသိကြပါဘူး။ အားလုံး လည်းအဆင်ပြေ နိုင်အောင် ဒီနည်းလေး ကို ကျနော်ပြန်လည် ရေးသားပေးလိုက်ပါတယ်။
အခု Update ထွက်တဲ့ Mozlla Firefix တွေကတော့ မြန်မာစာ အကုန်မပေါ်တာများပါတယ်။ မသိသေး သူ တော်တော် များများလည်း ဒီအတိုင်း သုံးနေကြပါတယ်။ ကျနော်အောက်မှာ ပုံနှင့် တဆင့်ချင်း ပြ ထားပေး ပါတယ်။ ပုံကိုကြည့်ပြီး သေချာ လေး လိုက်လုပ်ကြည့်လိုက်ပါ။
မြန်မာလိုအားလုံးမြင်ရပါမယ်။ 100 % အာမခံပါတယ်။ အောက်မှာ ပုံကိုသာ ကြည့်ပြီး လိုက် လုပ်ကြည့် လိုက်ပါ။


ဒီလောက် ဆို သူငယ်ချင်းများ ယခုနည်းကို ကောင်းစွာ နားလည်နိုင်မယ် လို့ ယူဆပါတယ်။ အဆင်မပြေသာ တွေရှိရင်လည်း ကျနော့် ၀က်ဆိုဒ် ရဲ့ Cbox မှာ လာရောက် မေးမြန်းနိုင်ပါတယ်။ ကျနော် နားလည်သလောက် ပြန်လည် ဖြေသွားပေးမှာ ဖြစ်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။

ကီးဘုတ်ကလေးအကြောင်းတစ်စေ့တစ်စောင်း



ဒီနေ့ တော့ Keyboard အကြောင်းလေး အသေးစိတ်ရှင်းပြပါမယ်…

Keyboard

The keys on a keyboard let you enter information and instructions into a computer.
Most keyboards have 101 keys. Your keyboard may look different from the keyboard shown here.

Keyboard ဟာ ကွန်ပျူတာထဲကို အချက်အလက်များထည့်သွင်းနိုင်တဲ့ ခလုတ်လေးများပါဝင်ပါတယ်…
Keyboard မှာ 101 Keys အနည်းဆုံးပါဝင်ပြီး ယခုအခါ 104, 105 Keyboard များကို အသုံးပြုပါတယ်…


Escape Key
You can press Esc to quit a task you are performing.

မိမိလုပ်နေတဲ့အလုပ်ကို Cancel လုပ်ချင်တဲ့အခါ Esc Key ကို နှိပ်ရပါမယ်…

Function Keys
These keys let you quickly perform specific task. For example, in many programs you can press F1 to display help information.

F1 ကနေ F12 အထိ ရှိတဲ့ Key ကို Function Key များလို့  ခေါ်ပါတယ်…
မိမိသုံးစွဲသော Software ပေါ်မူတည်ပြီး Function Key ဟာ အသုံးဝင်တဲ့ Keys များပဲ ဖြစ်ပါတယ်…တော်တော်များများ Program တွေမှာ F1 Key ကို နှိပ်ရင် Help information ပေါ်လာမှာပါ…
Alt+F4 နှိပ်လျှင် မိမိဖွင့်ထားသော Windows ကို ပိတ်သည့်အခါ သုံးနိုင်ပါတယ်..
မည်သည့် Windows မှ ဖွင့်မထားပဲ Alt+F4 ကို နှိပ်လျှင် Shut Down Dialog Box ပေါ်လာမှာ ဖြစ်ပါတယ်…

Backspace Key
You can press Backspace to remove the character to the left of the cursor.

Backspace Key ဟာ Cursor ရဲ့ ဘယ်ဖက်မှာရှိတဲ့ စာလုံးကို ဖျက်သည့်အခါ သုံးနိုင်ပါတယ်…

Delete Key

You can press Delete to remove the character to the right of the cursor.

Delete Key ကတော့ Cursor ရဲ့ ညာဖက်မှာရှိတဲ့ စာလုံးကို ဖျက်သည့်အခါ သုံးနိုင်ပါတယ်…

Status Lights
These lights indicate whether the Num Lock or Caps Lock features are on or off.

Status Light ဟာ Num Lock ဒါမှမဟုတ် Caps Lock ပိတ်၊ မပိတ် ပြပါတယ်…

Numeric Keypad
When the Num Lock light is on, you can use the number keys (0 through 9) to enter numbers. When the Num Lock light is off, you can use these keys to move the cursor around the screen. To turn the light on or off, press Num Lock.

Numeric Keypad မှာ Num Lock မီးလင်းနေရင် နံပါတ်များကို သုံးနိုင်ပြီး Num Lock ပိတ်ထားပါက Screen ပေါ်မှာ Cursor ရွှေ့ ပြောင်းတာကို သုံးလို့ ရမှာဖြစ်ပါတယ်…

Arrow Keys
These keys let you move the cursor around the screen.

Arrow Key များဟာ Screen ပေါ်မှာ Cursor ရွှေ့ ပြောင်းရာတွင် အသုံးပြုနိုင်ပါတယ်…

Enter Key
You can press Enter to tell the computer to carry out a task. In a word processing program, press this key to start a new paragraph.

မိမိအလုပ်ပြီးမြောက်တဲ့အခါ Enter Key ကို နှိပ်ပါတယ်… စာရေးတဲ့ Program တွေမှာတော့ နောက်စာပိုဒ်တစ်ခုကို ပြောင်းလိုတဲ့အခါ Enter Key ကို နှိပ်ပါတယ်…

Application Key
You can press the Application key to quickly display shortcut menu for an item on your screen.

Application Key ဟာ Shortcut menu ပေါ်လိုတဲ့အခါ သုံးတဲ့ Key ပါ…

Spacebar
You can press the Spacebar to insert a blank space.

Spacebar ဟာ Space ခြားချင်တဲ့အခါ သုံးပါတယ်…


Windows Key
You can press the Windows key to quickly display the Start menu when using the Windows XP, Vista or Windows 7 operating systems.

Windows key ကို နှိပ်ရင် Start menu ကို ဖွင့်လိုက်တာပါ…

Ctrl and Alt Keys
You can use the Ctrl or Alt key in combination with another key to perform a specific task. For example, in some programs you can press Ctrl and S to save a document.

Ctrl နဲ့  Alt Key များဟာ တခြား Key များနဲ့  တွဲနှိပ်ခြင်းဖြင့် အသုံးဝင်သော Command များ ပေးနိုင်ပါတယ်…
Ctrl+S ဆိုလျှင် Save Command ပါ…
Ctrl+C ဆိုလျှင် Copy ဖြစ်ပြီး Ctrl+V ဆိုလျှင် Paste ဖြစ်ပါတယ်..
တစ်ခုခုမှားသွားခဲ့လျှင် Ctrl+Z နှိပ်ပါက Undo Command နဲ့ တူပါတယ်…
Ctrl+A ဟာ Select All ဖြစ်ပါတယ်…

Caps Lock and Shift Keys
These keys let you enter text in uppercase (ABC) and lower case (abc) letters.
Press Caps Lock to change the case of all letters you type. Press the key again to return to the original case.
Press Shift in combination with another key to type an uppercase letter.

Caps Lock ဟာ စာအားလုံးကို Uppercase သုံးချင်တဲ့အခါမှာ သုံးတာပါ…
သာမန်စာရေးတဲ့အခါ Caps Lock on ထားစရာမလိုပဲ Shift နဲ့  Letter Key တွဲနှိပ်ရင် Uppercase Letter ဖြစ်ပါတယ်…

Types of Keyboard
Wireless





Wireless keyboards do not use a cable to connect to a computer. A wireless keyboard uses an infrared transmitter and receiver to communicate with a computer.

Wireless Keyboard သုံးတဲ့အခါ ကြိုးများနဲ့  ချိတ်ဆက်စရာမလိုတော့ပါ…

Ergonomic
Ergonomically designed keyboards position your hands naturally and support your wrists so you can work more comfortably.

Ergonomic Keyboard ဟာ စာရိုက်တဲ့အခါ လက်ကောက်ဝတ်အနေအထားကို သက်တောင့်သက်သာရှိစေရန် ပြုလုပ်ထားတာပါ…

Built-in Enhancements
Many new keyboards include built-in enhancements such as touchpad, microphones, speakers and volume control.

တစ်ချို့ သောKeyboard များတွင် touchpad, microphone, speaker နဲ့  Volume Control များကို တပ်ဆင်ထားပါတယ်…

Position your hands
Most keyboards have small bumps on the F and J keys. These bumps help you position your fingers without looking at the keyboard.

မိမိလက်အနေအထားကို Keyboard မကြည့်ပဲ ထားနိုင်ရန် F နဲ့  J Key တို့ တွင် အဖုလေး ပြုလုပ်ထားပါတယ်…

Keyboard Shortcuts
Most programs let you select commands by using keyboard shortcuts. These shortcuts are often shown on the menus. For example, to select the Save command in some programs, you can press the Ctrl and S keys.
A plus sign (+) between two key names tells you press and hold down the first key before pressing the second key.

Keyboard Shortcut Key များတွင် Ctrl+S လို့ ပြထားလျှင် ပထမ Key ဖြစ်သော Ctrl Key ကို ဖိထားပြီး ဒုတိယ Key ဖြစ်သော S ကို နှိပ်ရမည် ဖြစ်ပါတယ်…


Print Sceen ပြုလုပ်ခြင်း

Keyboard မှာပါတဲ့ PrtSc Key ဟာ Print Screen ပါ…

၁။ မိမိ Monitor တွင် တင်ထားသောပုံကို လိုချင်လျှင် PrtSc Key ကို နှိပ်လိုက်ပါ…

၂။ Start>>>All Program>>>Accessories>>>Paint ကို ဖွင့်လိုက်ပါ…

၃။ Edit Menu ကို နှိပ်ပြီး Paste ပြုလုပ်ပါက မိမိ Monitor Screen ကို မြင်ရပါလိမ့်မယ်…

၎။ File>>>Save as ကို နှိပ်ပြီး Save as type မှာ JPEG နဲ့  သိမ်းပါ… Bitmap Image အနေနဲ့ သိမ်းလျှင် File Size ကြီးပါတယ်…


Monitor ပေါ်ရှိ Windows ကိုသာ လိုချင်လျှင် Alt+PrtSc ကို နှိပ်ရပါမယ်…

Paint တွင် Paste ပြုလုပ်ကြည့်ပါက Windows ကိုသာ Print ပြုလုပ်သွားပါမယ်…




ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
မူရင်း.. www.fivethreeworld.net  & မြန်မာအိုင်တီ လူငယ်များ မှ ပြန်လည်ဖော်ပြသည်


ကိုလတ်(ကျွဲဆင်း)

ကွန်ပျူတာ Desktop Shortcut Icon အားလုံး တူနေခြင်း ပြဿနာ






တချို့
သူငယ်ချင်းတွေ ဒီပြဿနာလေးကို ကြုံဖူးကြမယ်ထင်ပါတယ်... Program (or) Software တစ်ခုခုကို
Right Click > Open With ကို နှိပ်မိလို့ဖြစ်စေ Virus ကြောင့်ဖြစ်စေ
Desktop ပေါ်က Icon တွေ အားလုံး  Internet  Explorer (IE), Window Media
Player,   Adobe Reader ,iTunes ,PD F ,  Excel. lnk,Word    စ,တဲ့ Icon တွေချည်း
ဖြစ်သွားတတ်တာပါ... ဥပမာ IE Icon တွေချည်းဖြစ်သွားတဲ့အခါ ဘယ်   Program ကို
ဖွင့်ဖွင့် IE ပဲ ပွင့်နေပြီး   ကိုဖွင့်ချင်တဲ့ Program ကို
ဖွင့်မရတော့ပါဘူး....   အဲ့ဒီလို ဖြစ်လာရင် တချို့က Window
ပြန်တင်တတ်ကြတာများပါတယ် ...   အမှန်က Window ပြန်တင်စရာ   မလိုပါဘူး... အောက်
နည်းလမ်း နှစ်မျိုးနဲ့ ဖြေရှင်းပေးနိုင်ပါတယ်...




နည်းလမ်း (၁)



Run ကို ခေါ်ပါ... (Win Key + R)....


Run Box မှာ  regedit ရေးထည့်ပြီး Enter ခေါက်ပါ....


Registry Editor တတ်လာရင် အောက်ပါ လမ်းကြောင်းအတိုင်း တဆင့်ခြင်းသွားပါ....



HKEY_CURRENT_USER > Software > Microsoft > Windows > CurrentVersion > Explorer > FileExts > .lnk



lnk Floder ကိုဖွင့်ပါ ..  Subfolders ထဲက ဖိုင်လ်တွေကို Delete လုပ်ပေးလိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ....။ 



အဆင်မပြေရင် မူရင်းကိုကြည့်ပါ...။





Steps to recover back all original icons:



  • Open run command by pressing windows key (windows logo) and R together.


  • Type “regedit” and press enter.


  • Browse the computer system registry into



  • “HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.lnk”
    (It may take time to reach there, so be patient)


  • Delete all subfolders under “.lnk” directory  but please never ever  delete the “.lnk” folder.


  • Close registry editor (regedit).


  • The shortcuts on your desktop will still not work now although clicking on it will work fine. So better reboor your system.




နည်းလမ်း (၂)




ဒီနည်းလမ်းကတော့ အရမ်းလွယ်ပါတယ် အောက်မှာတင်ပေးထားပေးတဲ့ Windows 7 shortcut Fixer ဆိုတဲ့ RAR ဖိုင်လ်လေးကို ဒေါင်းယူပြီး ဖြည်လိုက်ပါ... exe.reg လေးကို Double Click နဲ့ Install ပေးရုံပါပဲ...ပြီးရင် ကွန်ပျူတာကို Restart ချပေးပါ...။




Window ပြန်တတ်လာရင် မိမိတို့မှာ ရှိတဲ့ Antivirus Program နဲ့ Full Scan စစ်ပေးပြီး တွေ့တဲ့ Virus တွေကို Delete လုပ်ပေးပါ...။


(or) 
Click Here to Download
   ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

  www.winkabarkyaw.net

SONY Vegas PRO 12 Build 710 (64 bit) (ကရာအိုကေစာတန်းထိုးနည်းကို Sony Vega Pro 12 နဲ့ ပြုလုပ်ရအောင်)



ကရာအိုကေစာတန်းထိုးနည်းကို တော်တော်များများပြုလုပ် ဖို့စိတ်ဝင်စားကြတယ်။ အခုခေတ်အနေ အထားနဲ့ဆိုအသက်မွေး ၀မ်းကြောင်းအားဖြင့်အသုံးတည့်တယ်လို့လည်းဆိုရမယ်။ အရင်က adobe aftereffect နဲ့ ကရာအိုကေစာတန်းထိုးရင် လက်ဝင်ပါတယ်။ အချိန်လည်းတော်တော်ပေး ရတယ်။ အခုတင်ပြမယ့် Sony Vega Pro 12 နဲ့ကရာအိုကစာတန်းထိုးနည်းသည် ပိုပြီးတော့ အဆင်ပြေ ပါလိ့မ်မည်။ 

အချိန်လည်းသိပ်မကုန်လူလည်းသိပ် မပန်းလောက်တော့ဘူး။ အခုတင်ပေးလိုက်တာက ဆောဝဲလေးပါ။ Window 7 (64 Bit Operation System) မှ အသုံးပြုလို့ရမှာပါ။ Sony Vega Pro 12 လေးနဲ့ ကာရာအိုကေ စာတန်းထိုး ချင်တယ်ဆိုရင်တော့ လုပ်နည်းကို ဒီလင့်မှာ ၀င်ကြည့်ပြီး ဆောဝဲကိုတော့ ဒီ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
File Size 241MB


 အားလုံးအဆင်ပြေပါစေ.......။

Google DNS သုံးပြီး Internet Connection ကိုဘယ်လို မြင့်တင်မလဲ ?

Google ရဲ့ DNS ကိုသုံးပြီး Internet Speed ကိုမြင့်တင်နည်းဖြစ်ပါတယ်..Website တွေရဲ့ Loading Time ကိုပိုမိုမြန်ဆန်လာစေပါတယ်..ကျနော်သုံးတာက GSM ဖြစ်ပါတယ်..ဒါပေမယ့် ဒီလိုသုံးလိုက်တဲ့အခါ Loading Time မြန်ဆန်သွားပါတယ်.. ကဲစလိုက်ရအောင်..

Control Panel > Network and Sharing Center သို့ သွားလိုက်ပါ... ပြီးတာနဲ့ လက်ရှိမိမိသုံးနေတဲ့ Connection Type ပေါ်ကို နှိပ်ပြီးဖွင့်လိုက်ပါ


Properties ကိုသွား ပြီးဖွင့်လိုက်ပါ
 

ပြီးတာနဲ့  Internet Protocol Version 4 ( TCP/Ivp4 ) ကိုနှစ်ချက်နှိပ်ပါ..ပြီးတာနဲ့
8.8.8.8
8.8.4.4
အပေါ်မယ်ပြထားတဲ့ ဂဏန်းတွေကိုအောက်ပုံမှာပြထားတဲ့အတိုင်းထည့်.. OK >> OK >> Close အဆင့်ဆင့်ထွက်ပြီး ကွန်ပျူတာကို Restart ချ..ပြီးရင် အင်တာနက်သုံးကြည့်ပါ.. Loading Time ခါတိုင်းထက် ပိုမြန်လာတာကိုတွေ့ရပါလိမ့်မယ်..အဆင်ပြေကြပါစေခင်မျာ။
 

ကိုယ့်ရဲ့ ကွန်ပြူတာမှာ မကြိုက်တဲ့ Program တွေကို ဖျက်ပစ်ချင်သူများအတွက်

 ကဲလုပ် လုပ်နည်းလေးကို ပုံလေးနဲ့ပြထားပါတယ် အောက်မှာကြည့်လိုက်ပါ ဘာမှမခက်ပါဘူး ကျနော်လိုတတ်တဲ့သူအတွက်တော့ Window+R ကိုတွဲနှိပ်လိုက် ကျလာတဲ့ Run Box မှာ appwiz.cpl လို့ရိုက်ထည့်လိုက်ပြီး Enter ခေါက်လိုက်ရင်ရောက်ပြီပေါ့ မတတ်သေးတဲ့သူတွေအတွက်တော့ အောက်ကလိုလေးတစ်ဆင့်ချင်းသွားရတာပေါ့ဗျာ...

၁။ ကီးဘုတ်က  Start ဆိုတာလေးကိုနှိပ်လိုက်ပါ
၂။ Control Panel ကိုရွေးပါ
၃။ Programs ကို ရွေးပါ
အဲဒီမှာ ပေါ်လာတဲ့ ဇယားကွက်ထဲကနေ ကိုယ့်ဖြုတ်ချင်တဲ့ Program ကိုရွေးပြီးတော့ အပေါ်က Uninstallဆိုတာလေးကိုနှိပ်ပေးလိုက်  ဘာပေါ်ပေါ် Uninstal ဆိုတာကိုနှိပ်ဆက်တိုက်နှိပ်ပေးလိုက် နောက်ဆုံးတော့ OK , Finished ပေါ့ဗျာ 


အဆင်ပြေကြပါစေဗျာ

Quick Format နှင့် Regular Format ဘာကွာလဲ

 
ကျွန်တော်တို့ Windows တင်တ့ အခါမှာFormat အတွက် ရွှေးချယ်ရတဲ့ Quick နှင့် Regular 
ဆိုပြီး ရှိပါတယ်။ Quick နှင့် တင်ရင် ဘယ်လိုဖြစ် မယ် Regular နဲ့ တင်ရင် ဘယ်လိုဖြစ်မယ်ဆို
တာ ကို သိပြီးတင်တာနဲ့ ဒီအတိုင်း တင်နေတာထပ်စားရင် အဓိပ္ပာယ်ပိုရှိမှာပါ။ ဒါကြောင့် အခုလို တင်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Windows တင်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်ချို့ Windows
 တွေမှာ FAT File System မပါရှိတော့ပါဘူး NTFS File System ကိုဘဲ ပါပါတော့တယ်။ေ
နာက်ပြီး no Changes လဲ ပါမလာတာတွေ ရှိပါတယ်။ အဲဒါက အရေးမကြီးပါဘူး။ Quick Format
 နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။ NTFS နှင့် FAT အကြောင်းတင်ပြခဲ့ပြီးဖြစ်
ပါတယ်။
  • Format the partition by using the NTFS file system (Quick)
  • Format the partition by using the FAT file system (Quick)
  • Format the partition by using the NTFS file system
  • Format the partition by using the FAT file system
  • Leave the current file system intact (no changes)
Quick Format
ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက File
 တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သာနဲ့ bad Sectors ကို Scan မလုပ်ဘဲ
 ကောင်း တဲ့နေရာမှာဘဲ တင်သွားခဲ့မည်ဆိုလျင် Drive က မပျက်စီးဘူးလို့ ထင်ပြီး Quick Format ဘဲ ရွေးချယ်သင့်သလား။ ကိုယ်တိုင်း စဉ်းစားပါ။ ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေးမဲ့ bad Sectors တွေကို Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ
 Bad Sectors ရှိရဲ့သာနဲ့ မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင် Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။ Disk Error ရှောင်းရှား နိုင်သလာ ကိုယ်တိုင်း
 စဉ်းစားပါ။

Regular Format
Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။
 Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ 
Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင် Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။