Showing posts with label Knowledge For Internet. Show all posts
Showing posts with label Knowledge For Internet. Show all posts
Google Search မှာ ပိုမိုပြည့်စုံအောင် ရှာချင်ရင်..
ဒီတစ်ခါတော့ ကျနော်တို့ အများဆုံးအသုံးပြုနေတဲ့ Google Search Engine မှာ ကျနော်တို့ ရှာချင်တဲ့ အကြောင်းအရာတွေ ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေး တစ်ခု မျှဝေချင်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်အသုံးဝင်တာ တွေ့ ရပါတယ်။ စမ်းကြည့်လိုက်ပါအုံးခင်ဗျာ။ ပထမဆုံး ကိုယ်ရှာချင်တဲ့ စာလုံးတွေကို ရိုက်ထည့်ပြီး Enter ပေးလိုက်ပါတယ်။ ဆိုပါတော့ .. အောက်က ပုံထဲကလို.. latest Myanmar News ဆိုပြီး ရိုက်ထည့်လိုက်ရင်.. News Links တွေတော့ အများကြီးတွေ့ရမှာပဲ။ ဒါပေမယ့်လို့ အဲဒီထက်ပြည့်စုံအောင်... ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာကို ဖော်ပြပေးနိုင်အောင် ဆိုရင်တော့ ကိုယ်ရှာလိုက်တဲ့ link ရဲ့ နောက်ဆုံးမှာ =&as_qdr=d စာသားလေး ထည့်ပေးလိုက်ပါ။ ပိုရှင်းအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါအုံး...
ဒီပုံထဲကအတိုင်း အပြာရောင်နဲ့ ပြထားတဲ့နေရာမှာ =&as_qdr=d ဆိုတဲ့ word လေးထည့်ပေးလိုက်ပါ။
သဘောပေါက်ကြမှာပါ။ အခုလိုရှင်းပြရတာက မသိသေးတဲ့ သူများအတွက် ဖြစ်ပါတယ်။ သိပြီးသားသူများအတွက် ကလေးကလားဆန်နေပါလိမ့်မယ်။
ဒီပုံကတော့ ပုံမှတ်အတိုင်း ရှာထားတဲ့ result ပါ။
ဒီပုံကတော့ အထက်ပါ စာလေး ထည့်ပြီး ပြန်ရှာလိုက်တဲ့ result ပဲ ဖြစ်ပါတယ်။
အားလုံးစမ်းကြည့်ကြပါအုံးခင်ဗျာ.. အဆုံးတိုင် ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
http://thetnaing.mandalaybloggers.org/
မလေးရှားနိုင်ငံမှာအင်တာနက်ကို အလကားလောက်နီးနီးဖရီးသုံးကြရအောင် (1 GB -1RM) (2am to 7am)
အားလုံးသောသူငယ်ချင်းများမင်္ဂလာပါနော်..ဒီတစ်ခါကျွှန်တော်တင်ပေးမဲ့ပို့စ်လေးကတော့မလေးရှားနိုင်ငံ
တွင်ရောက်ရှိနေကြသောသူငယ်ချင်းများအတွက်သတင်းကောင်းတစ်ခုပေးချင်လို့ပါ..ဒီသတင်းကိုလည်း
ကျွှန်တော်အရင်လွန်ခဲ့တဲ့ခြောက်လလောက်ကတင်ပေးခဲ့ဘူးပါတယ်...သိရှိပြီးသားသူတွေရှိသလိုမသိရှိလိုက်
ရသေးသောသူများလည်းရှိနေမယ်ထင်မိလို့ပုံလေးတွေနဲ့သေချာထပ်ပြီးရှင်းပြထားပါတယ်..
အရင်ပိုစ့်တင်ခဲ့တုန်းကတော့ပုံတွေမပါတော့နားမလည်ခဲ့သူတွေရှိခဲ့ပါတယ်..
အမှန်ကတော့အရမ်းကိုလွယ်ပါတယ်....ကဲစလိုက်ကြရအောင်နော်
ကျွှန်တော်အပါအ၀င်ဒီနိုင်ငံမှာအင်တာနက်ကိုနည်းအမျိုးမျိုးနဲ့သုံးကြပါတယ်..ဖုန်းလိုင်းတွေကလည်းအများ
ကြီးပါ..အဓိကနာမည်ကြီးတာကတော့ Celecom,Maxis,Digi သုံးခုပေါ့အခြားလိုင်းတွေလည်းများစွာရှိနေပါ
သေးတယ်အခုနောက်ပိုင်းနာမည်ရလာတာကတော့ Digi ပါဘဲ...သူက  Digi to Digi free call&sms 24 hours(ကျွှန်တော်တို့ရဲ့အမိမြန်မာနိုင်ငံကြီးဘယ်တော့မှာဒီလိုဖရီးရမယ်မသိ)
ချော်သွားပြန်ပြီ..ပြန်စကြရအောင် ...sorry နော်..
မလေးရှားနိုင်ငံမှာအင်တာနက်ကို အလကားလောက်နီးနီးဖရီးသုံးကြရအောင် (1 GB -1RM)
(2am to 7am)
ဆိုတဲ့ခေါင်းစဉ်အတိုင်းသုံးဆွဲမယ်သူကတော့ malaysia နိုင်ငံရဲ့ maxis ကဒ်ကိုသုံးဆွဲနေသူဖြစ်ရပါ့မယ်
မရှိသေးရင်နီးရာဆိုင်မှာပြေးဝယ်လိုက်ဗျာ sim card ကို RM 10 လောက်ပါဘဲ
(မြန်မာငွေနဲ့ဆို ၃၀၀၀ ကျပ်ပတ်ဝန်းကျင်ပေါ့)
ရှိပြီးသားဆိုရင်အောက်မှာကြည့်...ညဆိုင်းအလုပ်ဆင်းနေရသောဘော်ဘော်များအတွက်ကတော့
ပိုပြီးအဆင်ပြေပါတယ်ဗျာ..မနက်၂နာရီလောက်ဆိုရင် call မှာ *100#ကိုခေါ်လိုက်ပါ
၂နာရီမကျော်သေးရင်မပေါ်ပါဘူးနော်
2 ကိုနှပ်ပါ
 2 ကိုနှပ်ပါ
1 ကိုနှိပ်ပါ
ခဏစောင့်လိုက်ပါ..သင့်ရဲ့message ထဲကိုအသုံးပြုလို့ရပါပြီဆိုတဲ့စာဝင်လာရင်ဆွဲပေတော့ဗျာ
ဒေါင်းလော့ speed ကိုလည်းဒုံးပျံလောက်နီးနီးမြန်တာကိုသင်လက်တွေ့ခံစားရမှာပါ
ကျွှန်တော်အိမ်က wifi speed ထက်တောင်မြန်နေသေးတယ်
မယုံဘူးဆိုရင် youtube ထဲက full movie 230 MB လောက်ကိုစမ်းဒေါင်းကြည့်ဗျာ
၃မိနစ်မကြာဘူး
သတိ။    ။မှတ်ချက်။    ။မိမိအသုံးပြုတဲ့ပေါ်မူတည်ပြီး 80% ရောက်ရင်message ပို့လာပါလိမ့်မယ်
အဲ့ဒီစာရောက်လာခဲ့ရင်တောင် 200MB သုံးလို့ရပါတယ်..100%ပြည့်ရင်လည်း message ပို့ပါတယ်
အဲ့မှာဒေါင်းလက်စရှိနေသေးရင်မိမိ ဖုန်းဘေလ်ထဲကဖြတ်ပါလိမ့်မယ်(သတိထားပါ)အချိန်ရှိနေသေးတယ်
မိုးမလင်းသေးဘူးဆိုရင်လဲအပေါ်ကအတိုင်း ၁ ကျပ်နဲ့ပြန်ဝင်ပေါ့ဗျာ..1 GB= 1RM ဖရီးနီးပါးနော်
မလေးရှားမှာလဖ္ဘက်ရည်တစ်ခွက်ကို ၁ ကျပ်နဲ့ ပြား၃၀(အပူ)
 Any Internet broadband 1 month Rm 70 or 90
Wifi 1 month 110 No limited(speed 54 MB)
ရုပ်ရှင်တွေဒေါင်းချင်သူတွေအတွက် Android မှာနာမည်ကြီးဒေါင်းလော့ player ဖြစ်တဲ့
Tubemate Youtube Downloder ကိုလက်ဆောင်ထပ်ပေးလိုက်ပါတယ်
အောက်မှာဒေါင်းပါ
အဆင်ပြေပါစေဗျာ
လွမ်းဦးမောင်(မြောင်းမြသားလေး)ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့အားပေးနေကြသော
မိတ်ဆွေအားလုံးကိုရင်ဘတ်ကြီးနဲ့အမျှကျေးဇူးးတင်ပါတယ်ဗျာ..တုန့်ပြန်မှု့တစ်ခုအနေနဲ့
တောင်းဆိုမှု့တစ်ခုတော့ပြုပါရစေ...သူငယ်ချင်းရဲ့ဝေဖန်အကြံပေးမှု့နဲထပ်တူညီမျှတဲ့
ကွန်မန့်လေးကိုထားရစ်ခဲ့စေချင်ပါတယ်...
Google Chrome အတွက် Download Manager Fruumo
Google Chrome အတွက် Download Manager
==========================================
Browser တွေမှာ Built-In ပါရှိတဲ့ Download Manager တွေဟာ Features တွေနည်းပါးပြီး Pause,Resume လုပ်ပေးနိုင်တဲ့ Feature တွေမပါရှိပါဘူး။ ဖိုင်တွေကို Download လုပ်ဖို့အတွက် တစ်ခြား Third-Party Download Manager တွေကို အသုံးပြုကြရပါတယ်။ အခုတစ်ခါမှာတော့ Fruumo ဆိုတဲ့ Download Manager နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Fruumo က Chrome Extension ဖြစ်ပြီး Chrome မှာပဲ အသုံးပြုလို့ရမှာပါ။
Fruumo ရဲ့ User Interface က ကြည့်ကောင်းပြီး အသုံးပြုရလွယ်ကူစေပါတယ်။ Fruumo ကို အင်စတောလုပ်ပြီးရင် အိုင်ကွန် တစ်ခုကို Chrome မှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီ အိုင်ကွန် ကိုနှိပ်ပြီး Download လုပ်နေတဲ့ ဖိုင်တွေကို Manage လုပ်နိုင်ပါတယ်။
• Fruumo က Pause, Resume, Stop , Remove စတာတွေလုပ်ပေးနိုင်ပါတယ်။
• Settings Page မှာ Filter တွေပြုလုပ်နိုင်ပြီး ဒေါင်းလုပ်လုပ်တဲ့ ဖိုင်အမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာ ဖိုဒါတွေမှာ သိမ်းဖို့ သတ်မှတ်နိုင်ပါတယ်။
• ဒေါင်းလုပ်ပြီးတဲ့ အခါ မှာ Desktop Notifications တွေနဲ့ အချက်ပေးနိုင်ပါတယ်။ Chrome ကို အသုံးပြုနေခြင်း မရှိရင်တောင် Notification တွေကို သိနိုင်ပါတယ်။
• Multi-Download ပါရှိပြီး Web Page တစ်ခုက လင့် တွေ အများအပြားကို တစ်ပြိုင်နက် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
• Search Bar ပါရှိပြီး Download Page က ဖိုင်တွေကို အလွယ်တကူ ရှာနိုင်ပါတယ်။
Fruumo Download Manager ကို အောက်က လင့် ကနေ အင်စတောလုပ်နိုင်ပါတယ်။
ကိုလတ်(ကျွဲဆင်း)
အွန်လိုင်းပေါ်ကနေ WinRAR Password ဖြေကြမယ်...
WinRAR Password ကို online ကနေပြီး ဖြေလို့ရပါတယ် တစ်ဆင့်ချင်းလုပ်ပြသွားပါ့မယ်.
အရင်ဆုံး ကိုယ် password ဖြေချင်တဲ့ file ကို .rar ကနေ .zip ကိုအရင်ပြောင်းပါ...
ပြောင်းပြီးသွားရင် ဥပမာ .. အရင်ကHuawei Network Unlock.rar ကနေ
Huawei Network Unlock.zip ဖြစ်သွားတာပေါ့... ။
အောက်က ဆိုက်ကိုသွားပါ....
Browse ကိုနှိပ်ပြီး ကိုယ်ပြောင်းထားတဲ့ Huawei Network Unlock.zip ကိုရွေးပေးပါ။
ပြီးရင် Convert file ကိုနှိပ်ပါ။ ဒါဆိုရင် အောက်ကပုံအတိုင်းတွေ့ရမယ်...
file size ပေါ်မူတည်ပြီး ခဏတော့စောင့်ရပါတယ် ပြီးသွားရင် အောက်ကပုံအတိုင်း download
ပေါ်လာရင် ဒေါင်းလိုက်ပါ။
 ဒေါင်းပြီးသွားရင် Password ရှိမရှိကို ကိုယ်တိုင်သာ ဖြေကြည့်ကြပါ...
အဓိပတိ
www.trtech-mm.com
Google ရဲ့ service အသစ်ဖြစ်တဲ့ website များတွင် ထည့်သွင်းထားသော ကြောငြာများအား Maxthon Browser သုံးခြင်းဖြင့် ဖယ်ရှားနိုင်
အခုတလော website တော်တော်များများ နဲ့ blogger တော်တော်များများရဲ့ site တွေမှာ google ကနေ ထည့်သွင်းထားတဲ့ ကြော်ငြာတွေကို
တွေ့နေရပါတယ်။ အဲ့ဒီကြော်ငြာတွေကြောင့်  blog လည်းကောင်းကောင်းရေးလို့မရသလို၊ လာရောက်လေ့လာသူတွေအတွက်လည်း အဆင်မပြေ
ဖြစ်နေတာတွေကြုံနေရပါတယ်။ အခုတလောဆိုပေမဲ့ ကျွန်တော်ကတော့ ညတုန်းကမှ ကြုံဖူးတာပါ။ ကျွန်တော့ site နဲ့ ကိုကြီး ကိုဝင်းကမ္ဘာကျော်ရဲ့
site မှာ ကျွန်တော့တို့ထည့်ထားတာမဟုတ်ပဲ ကြော်ငြာတွေကိုတွေ့နေရတော့ မျက်စိနည်းနည်းနှောက်တာနဲ့ ကိုစိုင်းသူနဲ့ တိုင်ပင်ပြီး အကြံဥာဏ်တောင်းကြည့်ခဲ့ပါတယ်။
အဲ့ဒီအကြောင်းအရာလေးကို ကျွန်တော် post တစ်ခု အဖြစ် ဖန်တီးပြီး တင်ပြပေးပါရစေ။
Website နဲ့ Blog တွေမှာ တွေ့မြင်ရတဲ့ google ရဲ့ ကြော်ငြာတွေကို မမြင်ချင်ဘူးဆိုရင်တော့ Maxthon Cloud Browser ကိုအသုံးပြုရင် အဆင်ပြေတာကိုတွေ့ရပါတယ်။
ကြော်ငြာတွေကို မမြင်ချင်ရုံတင်မကပဲ အသုံးပြုရတာလည်း တော်တော်လေး သွက်တာကိုတွေ့ရပါတယ်။ သုံးဖူးတဲ့ သူတွေကတော့ သိပြီးသားဖြစ်မှာပါ။
Browser ကို download လုပ်ပြီး install လုပ်လိုက်ရုံနဲ့ မြန်မာလို ချက်ချင်းတွေ့မြင်ရမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် setting ထဲဝင်ပြီး browser မှာ မြန်မာလိုပေါ်အောင် ပြု
ပြင်နည်းလေးကိုလည်း ထပ်မံဖော်ပြပေးလိုက်ပါတယ်။
Maxthon Browser ကို install လုပ်ပြီးသွားရင် browser မှာ မြန်မာလိုပေါ်အောင် လုပ်ဆောင်ရမည့် နည်းလမ်းကတော့ browser ရဲ့ ညာဘက်အခြမ်းထောင့်လေးမှာ ရှိတဲ့
မျဉ်းကြောင်းလေးသုံးခြစ်ထားတဲ့နေရာ ကို နှိပ်လိုက်ပါ။
Ads not by this site
ပြီးရင် box လေးတစ်ခုကျလာတဲ့အခါမှာ စက်သွားပုံနဲ့ setting လို့ရေးထားတဲ့ (setting) လေးကို နှိပ်လိုက်ပါ။ နောက်ထပ် new tab လေးတစ်ခုပေါ်လာပြီး Maxthon Setting ထဲကို
ရောက်သွားပါလိမ့်မယ်ဗျာ။
အဲ့ဒါပြီးရင် ဘယ်ဘက်ခြမ်းက စာသားတွေအားလုံးထဲက advence ဆိုတဲ့စာသားလေးကို နှိပ်လိုက်ပါ။ ပြီးရင် webpage display ဆိုတဲ့ စာသားကိုရှာပြီး သူ့ရဲ့အောက်က webpage font
ဆိုတဲ့နေရာမှာ Zawgyi One font ကိုပြောင်းလဲပေးရပါမယ်။
Ads not by this site
 ပြောင်းလဲပေးရမဲ့ ပုံစံကတော့ သူပေးထားတဲ့ webpage font ဆိုတဲ့ အကွက်လေးတွေဘေးမှာ selet ဆိုတဲ့ စာသားလေးကို တွေ့ပါလိမ့်မယ်
အဲ့ဒီ စာသားလေးကိုနှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် font ရွေးဖို့အတွက် ပေးပါလိမ့်မယ်။ အဲ့ဒီထဲမှာ zawgyi one ကိုရွေးပေးလိုက်ပါ။ သူ့ဘာသာသူ setting ကို save လုပ်သွားပါလိမ့်မယ်။ ပြီးရင် browser ကို
F5 နှိပ်ပြီး refresh လုပ်ပေးလိုက်ပါ။ အဲဒါဆိုရင်တော့ browser မှာ မြန်မာစာကို မြင်ရပြီပဲဖြစ်ပါတယ။်။
လိုအပ်တာတွေရှိခဲ့ရင် အနူးညွှတ်တောင်းပန်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ.........
Aung Ko Htet
Internet Download Manager ရဲ့ Download Speed ကိုမြန်သွားအောင် HACK လုပ်ကြစို့
လူတိုင်းမှာလည်း Internet Download Manager ရှိပါတယ်။ မရှိရင်တော့ ဒီမှာ ရယူလိုက်ပါ။ ဒီတစ်ခါတော့ မိတ်ဆွေများ တောင်းဆိုချက်အရ Internet Download Manager ရဲ့ Download Speed ကို Hack ရအောင်ဗျာ။ သင့် စက်မထိခိုက်ပါဘူး။ နည်းတွေက ၄နည်း၊ ၅နည်းလောက်ထည့်ပေးထားပါတယ်။ များတဲ့အတွက် ကျွန်တော် Ebook ချုပ်ပြီး ရေးထားပါတယ်။ ပိုပြီးသိချင်ရင်တော့ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။
Download => Link 1 / Link 2 / Link 3 / Link 4 / Link 5
Internet Download Manger Build 2 + Patch (FULL Version + နောက်ဆုံးထွက်) (၃မိနစ်အတွင်း FULL Version ဖြစ်အောင်လုပ်နည်း)
ကျွန်တော် အခုနောက်ဆုံးထွက်ကို ဝေမျှလိုက်ပါတယ်။ Windows 7 စက်က အိမ်မှာ။ အခု ကျွန်တော် အင်တာနက်ဆိုင်ကနေ ပြရတာမို့လို့ မုံဝါးဝါးဖြစ်နေတာကို သည်းခံစေလိုပါတယ်။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ Patch ကော၊ Installer ပါထည့်ပေးထားပါတယ်။ အဆင်ပြေပါစေ။
Patch အသုံးပြုနည်း
 Download ဆွဲဖို့ (Installer + Patch)
Download => Link 1 / Link 2 / Link 3
အင်​တာနက်​မသုံးဘဲဖုန်း​ဘေဖြတ်​ခံရလျင်
သူငယ်ချင်းအားလုံးမင်္ဂလာပါ။နိုင် ငံခြားမှဝယ်ယူအသုံးပြုသည့်ဟန်းဆက်အချို့မှာ4Gnetworkဖြစ်နေခြင်းကြောင့်
အင်တာနက်သုံးရာတွင် ဖုန်းဘေဖြတ်တောက်မူများရှိနေ ပြီးSettingပြန်လည်ပြင် ဆင်၍အသုံးပြုရန်လိုကြောင်း
မြန်မာ့ဆက်သွယယ်ရေးမျထုတ်ပြန်ထားသည်။
ထိုသို့ငွေဖြည့်ကတ်နှင့်ပတ်သက်၍GSM/WCDMAဖုန်းများအတွက် ဖုန်းနံပါတ်၀၁-၅၅၅၄၇၆ နှင့်CDMA450/
CDMA800Wallဖုန်းများအတွက် ဖုန်းနံပါတ်၀၁-၂၁၇၂၁၉ နှင့်CDMA800(Mec Tel)ဖုန်းများအတွက်
၀၁-၆၅၆၉၉၄သို့ဆက်သွယ်မေးမြန်းနိုင် ကြောင်းမြန်မာ့ဆက်သွယ်ရေးမှထုတ်ပြန်ထားသည်။
www.mmitdeveloper.org
အဆင်ပြေပါစေ..
calendarika နဲ့ ပုံအလှလေးလုပ်ကြမယ်
 calendarika လေးနဲ့ မိမိပုံကိုအလှလေးဖြစ်အောင်လုပ်ချင်တဲ့ဘော်ဘော်များအတွက်
Olnile http://www.calendarika.com/ လေးနဲ့ မိတ်ဆေက်ပေးလိုက်ပါတယ်
အသုံးပြုချင်ရင်  photo Untitled-1_zpsc9f4b91a.gif
 အဆင်ပြေရင်အောက်ကပုံလေးတွေကိုကြည့်ပါ
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ရှာဖွေခြင်း။
download
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက  သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့ Extension တွေအစားပေါ့ပါးတဲ့ Extension တွေကို အသုံးပြုရင် Browser ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်စေမှာပါ။ ဒီဆောင်းပါးမှာ Browser Extension တွေရဲ့ Memory Consumption,CPU Usage စတာတွေကို သိနိုင်မယ့်နည်းတွေကို ရေးပါမယ်။
Mozilla Firefox
Firefox မှာ Browser Extensions တွေ ရဲ့ Memory Usage ကိုသိနိုင်ဖို့  အတွက် နည်းလမ်းမရှိပါဘူး။ Extension တစ်ခု ကို ထပ်ပြီးအသုံးပြုမှသာသိနိုင်ပါတယ်။ about:addons-memory extension ကို Firefox မှာ အင်စတောလုပ်ပါ။ပြီးရင် Address Bar ကနေ about:addons-memory လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် အင်စတောလုပ်ထားတဲ့ Extensions တွေကို တွေ့ မြင်ရမှာဖြစ်ပြီး Memory အသုံးပြုမှုအလိုက် စီထားတာတွေ့ ရမှာပါ။ Memory အသုံးပြုမှုများတဲ့ Extension တွေ ကို သိရှိနိုင်ပြီး Disable လုပ်နိုင်ပါပြီ။
clip_image002
Google Chrome
Task Manager ကိုဖွင့်ဖို့ အတွက် Chrome’s Menu Button ကိုနှိပ်ပါ။Tools>Task Manager ကိုနှိပ်ပါ။ Ctrl+Escape ကိုနှိပ်ပြီးဖွင့်လည်းရပါတယ်။
ဒါဆိုရင် Extensions,Web Apps တွေ ရဲ့  Memory Usage တွေကိုတွေ့ မြင်နိုင်ပြီးသင့် Browser ကိုနှေးကွေးစေတဲ့ Extension တွေကို Disable လုပ်နိုင်ပါပြီ။
clip_image004
Browser’s Safe Mode ကိုအသုံးပြုပါ။
Mozilla Firefox
Firefox button ကိုနှိပ်ပြီး Help>Restart with Add-ons Disabled ကိုနှိပ်ပါ။
clip_image006
Google  Chrome
Chrome icon ကို right click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Shortcut tab ကိုသွားပါ။ Target မှာ အောက်ကပုံမှာလို --disable extensions ဆိုတဲ့စာသားကို နောက်ဆုံးမှာဖြည့်ပေးပြီး Ok နှိပ်ပါ။ Chrome Browser ကိုပိတ်ပါ။ System Tray က အိုင်ကွန်ကိုလည်းပိတ်ပါ။ ပြီးရင် Shortcut ကိုအသုံးပြုပြီး Chrome ကိုဖွင့်ပါ။ Safe Mode ကို Disable လုပ်ဖို့  Shortcut မှာ Edit ပြန်လုပ်ပြီး Chrome ကို Restart လုပ်ပါ။
clip_image008
Browser Extensions တွေ ဟာ အသုံးဝင်ပေမယ့် တစ်ခြား Software တွေလို ပဲ သင့်ကွန်ပြူတာမှာ Run နေတာပါ။ Extension တွေ အများအပြားအသုံးပြုခြင်းဟာ Browser ကိုလေးစေပါတယ်။အဲဒီအတွက် တကယ်အသုံးလို တဲ့ Extension တွေကို ပဲအင်စတောလုပ်သင့်သလို ၊ Memory အသုံးပြုမှုနည်းပါးတဲ့ Extension တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
သင့် ရဲ့  Personal Data တွေကို Internet ကနေဖျက်နည်းများ။
clip_image001
Facebook,Google  စတဲ့အကောင့်တွေ သင့်မှာရှိလား? အဲဒီအကောင့်တွေမှာသင့်ရဲ့ Personal Data တွေလည်း အတူရှိနေပြီး တစ်ခြားသူတွေက သိရှိနေပါတယ်။ သင့်အကောင့်တွေကို အသုံးမပြုတော့ဘူးဆိုရင် အဲဒီအကောင့်တွေကို Delete လုပ်ဖို့ အရေးကြီးပါတယ်။ဒီဆောင်းပါးမှာ Popular Sites တွေက သင့်ရဲ့  Accoutns,Personal Data တွေကို Delete လုပ်နည်းတွေကို ရေးမှာပါ။
Facebook
Facebook က Popular အဖြစ်ဆုံး Social Network တစ်ခုဖြစ်ပါတယ်။Facebook အသုံးပြုသူတွေက Personal Information တွေကို Facebook မှာ Share လုပ်ကြပါတယ်။ Facebook အသုံးမပြုတော့ရင် သင့် ဒေတာတွေနဲ့ အကောင့်ကို Delete လုပ်ဖို့  အောက်ကနည်းကိုသုံးပါ။
တစ်ခုမှတ်ထားရမှာက Group Messages တွေ၊ တစ်ခြားသူတွေနဲ့   ပူးပေါင်းပြုလုပ်ထားတဲ့ ဒေတာတွေကတော့ မပျက်ဆီးဘဲရှိနေမှာပါ။ကျန်တာတွေအားလုံးကိုတော့ ဖျက်ဆီးပေးပါလိမ့်မယ်။
Facebook  အကောင့်ကို Delete လုပ်ဖို့  အတွက်
1.     ဒီလင့်  ကိုသွားပါ။
2.     “Delete My Account” ကိုနှိပ်ပါ။
clip_image002
3.     Password နဲ့  Security Code ကိုဖြည့်ပေးပါ။
clip_image003
4.     ဒါဆိုရင် သင့် Facebook အကောင့်ကို Delete လုပ်ပေးပါလိမ့်မယ်။
clip_image004
တစ်ခုမှတ်ထားရမှာက (၁၄) ရက် ကြာမှ သင့်အကောင့်ကို Delete လုပ်ပေးမှာဖြစ်ပါတယ်။(၁၄) ရက်အတွင်းမှာ သင်စိတ်ပြောင်းပြီး သင့်အကောင့်ကို ပြန်အသုံးပြုချင်ရင် Delete လုပ်ထားတာကို Cancel လုပ်နိုင်ပါတယ်။
Google
Google ကတော့ Services တွေအများကြီးရှိပါတယ်။အဲဒီ Service တွေအားလုံးကသင့် Personal Data တွေကို Delete လုပ်ဖို့ Google ကအဆင်ပြေအောင် လုပ်ပေးထားပါတယ်။သင့် Gmail က Email Message တွေ၊ Google  Drive က Documents တွေ၊ Contacts တွေ၊ Calendar စတာတွေကိုပါဖျက်မှာကိုတော့ သတိပြုပါ။ Google + Profile ကတော့ သီးခြားဖျက်မှရမှာပါ။
Google  အကောင့်ကိုဖျက်ဖို့  အတွက်
1.     ဒီလင့် ကိုသွားပါ။
2.     Account အောက်က “Close account and delete all services and information associated with it”  ဆိုတဲ့ လင့်ကိုနှိပ်ပါ။
clip_image005
3.     Options အားလုံးကို အမှန်ခြစ်ပေးပါ။ Password ဖြည့်ပေးပြီး “Delete Google Account”  ကိုနှိပ်ပါ။
clip_image006
4.     ဒါဆိုရင် သင့် Google Account နဲ့ ဒေတာတွေကို ချက်ချင်းဖျက်ဆီးပေးပါလိမ့်မယ်။စိတ်ပြောင်းသွားပြီးသင့်အကောင့်ကိုပြန်အသုံးပြုလို့ ရမှာမဟုတ်တာကိုတော့သတိပြုပါ။
clip_image007
Yahoo
Yahoo ကလည်း နာမည်ကြီး Network တစ်ခုဖြစ်ပါတယ်။ Yahoo အကောင့်ကို Delete လုပ်ဖို့ အတွက်
1.     ဒီလင့် ကိုသွားပါ။
2.     Password ,Security Code ဖြည့်ပေးပြီး “Terminate this account” ကိုနှိပ်ပါ။
clip_image008
3.     ဒါဆိုရင်  သင့်အကောင့်ကို Disable လုပ်ပေးမှာဖြစ်ပါတယ်။ဒေတာတွေကိုတော့ ရက် (၉၀) ကြာမှဖျက်ပေးမှာပါ။
clip_image009
Twitter
Twitter အကောင့်ကိုဖျက်ဖို့ အတွက်
1.     ဒီလင့်  ကိုသွားပါ။
2.     Deactivate button ကိုနှိပ်ပါ။
clip_image010
3.     Password ဖြည့်ပေးပြီး “Deactivate’ button ကိုထပ်နှိပ်ပါ။
clip_image011
4.     ဒါဆိုရင်သင့်အကောင့်ကို Disable လုပ်ပေးမှာဖြစ်ပါတယ်။ ဒေတာတွေကိုတော့ ရက်  (၃၀) ကြာရင်ဖျက်ပေးပါလိမ့်မယ်။
clip_image012
Microsoft
Microsoft အကောင့်ကတော့ နှစ်ခုရှိပါတယ်။ Office 365 Account ကိုဖျက်ဖို့ အတွက်Office.com account settings ကိုသွားပြီးဖျက်နိုင်ပါတယ်။ဒုတိယအကောင့်ကတော့ Microsoft ID ဖြစ်ပြီးအရင်က Windows Live , Hotmail စသဖြင့်ခေါ်ဆိုကြပါတယ်။
Microsoft အကောင့်ကိုဖျက်ရင် Outlook Email,SkyDrive Data,Xbox Live  တွေကိုပါဖျက်ပစ်မှာပါ။Microsoft အကောင့်ကိုဖျက်ဖို့  အတွက်
1.     ဒီလင့် ကိုသွားပါ။
2.     Password ဖြည့်ပေးပြီး Next နှိပ်ပါ။
clip_image013
3.     “Deactivate Hotmail account” ကိုနှိပ်ပါ။
clip_image014
4.     အကြောင်းပြချက်တစ်ခု ရွေးပေးပြီး “Deactivate account” ကိုနှိပ်ပါ။
clip_image015
တစ်ခြားအကောင့် တွေကိုဖျက်ဖို့ ။
အပေါ်မှာပြောခဲ့တဲ့ အကောင့်တွေမဟုတ်တဲ့ တစ်ခြား Web Services တွေကို ဖျက်ဖို့ အတွက် Justdelete.me  ၀က်ဆိုက်ကိုအသုံးပြုနိုင်ပါတယ်။အဲဒီဆိုက်က သင့်ဒေတာတွေကို Internet Services တွေက ဖျက်ဖို့ အတွက် သတင်းအချက်အလက်တွေပေးနိုင်ပါတယ်။
အပေါ်ကနည်းတွေကိုအသုံးပြုပြီးတော့ သင့် ရဲ့ Personal Data တွေကို Internet ကနေ Delete လုပ်နိုင်ပါပြီ။
Myanmar ICT မှာကျွန်တော်ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။