Quick Format နှင့် Regular Format ဘာကွာလဲ

 
ကျွန်တော်တို့ Windows တင်တ့ အခါမှာFormat အတွက် ရွှေးချယ်ရတဲ့ Quick နှင့် Regular 
ဆိုပြီး ရှိပါတယ်။ Quick နှင့် တင်ရင် ဘယ်လိုဖြစ် မယ် Regular နဲ့ တင်ရင် ဘယ်လိုဖြစ်မယ်ဆို
တာ ကို သိပြီးတင်တာနဲ့ ဒီအတိုင်း တင်နေတာထပ်စားရင် အဓိပ္ပာယ်ပိုရှိမှာပါ။ ဒါကြောင့် အခုလို တင်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Windows တင်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်ချို့ Windows
 တွေမှာ FAT File System မပါရှိတော့ပါဘူး NTFS File System ကိုဘဲ ပါပါတော့တယ်။ေ
နာက်ပြီး no Changes လဲ ပါမလာတာတွေ ရှိပါတယ်။ အဲဒါက အရေးမကြီးပါဘူး။ Quick Format
 နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။ NTFS နှင့် FAT အကြောင်းတင်ပြခဲ့ပြီးဖြစ်
ပါတယ်။
  • Format the partition by using the NTFS file system (Quick)
  • Format the partition by using the FAT file system (Quick)
  • Format the partition by using the NTFS file system
  • Format the partition by using the FAT file system
  • Leave the current file system intact (no changes)
Quick Format
ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက File
 တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သာနဲ့ bad Sectors ကို Scan မလုပ်ဘဲ
 ကောင်း တဲ့နေရာမှာဘဲ တင်သွားခဲ့မည်ဆိုလျင် Drive က မပျက်စီးဘူးလို့ ထင်ပြီး Quick Format ဘဲ ရွေးချယ်သင့်သလား။ ကိုယ်တိုင်း စဉ်းစားပါ။ ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေးမဲ့ bad Sectors တွေကို Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ
 Bad Sectors ရှိရဲ့သာနဲ့ မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင် Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။ Disk Error ရှောင်းရှား နိုင်သလာ ကိုယ်တိုင်း
 စဉ်းစားပါ။

Regular Format
Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။
 Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ 
Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင် Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။
 

FireFox ထဲမှာရိုက်ထားတဲ့ Password တွေကို ဘယ်လိုပြန်ကြည့်မလည်း


Firefox Password Viewer လေးအကြောင်းပြောချင်ပါတယ်။
သူ့ရဲ့ အားသာချက်ကတော့ ....
ကျွန်တော်တို့ အိမ်သုံးကွန်ပျူတာအများဆုံးအသုံးပြုသူတွေကြုံ
ကြရတဲ့ မိမိမူရင် Password မေ့သွားတဲ့အခါမျိုးတွေမှာ ပြန်ပီး
ဒီကောင်လေးနဲ့ Password ပြန်ကြည့်တာဖြစ်ပါတယ်။ဆိုလိုတာ
ကဗျာ ကျွန်တော်ဆိုလည်း အကောင့်တွေ၊ ဘလော့တွေ၊ Hosting
Site တွေအများကြီးလုပ်ထားတော့ တစ်မျိုးချင်းစီတိုင်းကို Password
တစ်မျိုးစီမတူညီအောင်ပေးထားပါတယ်။ ဒီလိုပေးထားတဲ့အခါမျိုးမှာ
သက်ဆိုင်ရာစိုက်ဒ်တွေထဲဝင်တုန်းကတော့ တစ်ခါတည်းမမေ့အောင်
(နောက်တစ်ခါထပ်မရိုက်ရအောင်) Save Password or Remember
Password ဆိုတာလေးကိုနှိပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကြာလာတာ
နဲ့အမျှ ဘယ်စိုက်ဒ်ကို ဘယ် Password နဲ့ဝင်ထားတယ်။ ဘယ်မေးလ်
ကိုဘယ် Password နဲ့ဝင်ထားလည်းဆိုတာကို မမှတ်မိတော့တာမျိုး
ဖြစ်တတ်ပါတယ်။ ဒီကောင်လေးကတော့ Firefox ရဲ့ Password တွေ
သိမ်းထားတဲ့ Cache Folder က ဖိုင်ကိုယူပီး Password တွေကို 
Recover ပြန်လုပ်ပေးပါ။မိမိဝင်ထားသမျှ လိပ်စာတိုင်းမှာ ထည့်ထား
သမျှ Password တွေကိုပြန်ဖော်ပြပေးပါတယ်။ဖိုင် Size ကလည်း
800KB ပဲရှိလို့ ပြည်တွင်းကော်နပ်ရှင်နဲ့ အသာလေးဒေါင်းယူလို့
ရပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့....
http://www.mmithelper.com/2013/09/firefox-password.html


မိမိတို့ ပုံကိုဘောင်းလေးတွေနဲလန်းချင်ရင်


အားလုံးပဲမင်္ဂလာဗျာ ကျွန်တော်ဆိုဒ်လေးကိုရောက်ရှိလာတဲဘော်ဘော်များ http://www.pizap.com/
မိတ်ဆက်ပေးလိုက်ပါရစေ..။

မိမိတို့ ပုံကိုဘောင်းလေးတွေနဲလန်းချင်ရင်
backgrounds တွေ အစုံအလင်ပါပဲ
စာတွေလဲရေးလိုရတယ်
မှတ်ချက် ။  ။  မြန်မာစာတော့မရပါ
အောက်မှာကျွန်တော်ကလိထားတာတွေကြည့်လိုက်ပါ
အသုံးပြု ခြင်ရင် သည်မှာ သွားလိုက်ပါ





fb like ခြင်း
Members ၀င်းဖြင့်အားပေပါ ...။
အားလုံးကိုကျေးဇူးတင်ပါသည်

လင်းကမ္ဘာ

ကွန်ပျုတာထဲမှာ ဘာဆော့ဝဲမှမလိုပဲ MP3- MP4 ..အလွယ်တကူ ပြောင်းနည်း



ဒီနည်းလေးကတော့ ရုံးမှာ သုံးတဲ့သူတွေ ပြောင်းတဲ့ဆော့ဝဲ မရှိတဲ့အခါတွေမှာ
သုံးလို့ အဆင်ပြေပါတယ် ဘာဆော့ဝဲမှာမလိုပဲ အလွယ်လေးနဲ့  လိုအပ်သလို
ပြောင်းမယ့်နည်းပါ , MP4 တွေကို MP3 နဲ့ တခြား ဆိုင်ရာ ပြောင်းပြီး ဖုန်းတွေ
Player တွေထဲ ပြောင်းထည့်သုံးလို့ ရပါတယ် ။ ဆိုင်မှာသုံးရင်း ဆော့ဝဲမရှိတဲ့ခါ
ရုံးမှာသုံးရင် Youtube ကဟာတွေ ပြောင်းဖို့  သုံးချင်ရင် ဒီနည်းက ဆော့ဝဲမလို
ကျနော်ဆို ဒီနည်းနဲ့  ရုံးမှာသုံးတယ် သတိရလို့ အခုမှတင်လိုက်တာ လွယ်လေး


ဒီလင့်ကို နှိပ်လိုက်ပါ = http://convert-video-online.com/


Open ဖိုင်ကို နှိပ်ပြီး ပြောင်းမယ့် သီချင်းကို ထည့်ပါ
Video Format လား Audio mp3 ဘာညာ ရွေးလိုက်ပါ
ပြီးရင် Screen အကြီး အသေး ရွေးလို့ ရတယ် ကြီးလေ ဖိုင်ဆိုဒ်ကြီးလေးပဲ
Audio ပိုင်းမှာတော့ 128kbps ကနော သေးသွားလေ ဖိုင်သေးလေပါ
64bit ဆို MB တော့ သေးမယ် အသံ တိမ်သွားတယ် အဆင်ပြေရာတွေး
Convert ကို နှိပ် ပီးသွားတဲ့အခါမှတော့ Download ဆိုပီးပေါ်လာမယ်
ဒါဆို ဆော့ဝဲမလိုပဲ ရုံးသမားတွေ ဆိုင်မှာ ဆော့ဝဲမရှိတဲ့အခါတွေမှာသုံးလို့ ရပါတယ်.........။
အဆင်ပြေပါစေ.....
ငှက်ငယ်

3D ရုပ်ထွက်လန်းလန်းလေးနဲ့ Snooker ထိုးမယ်


sn1
sn2
sn3
ဘီလယက်ချစ်သူများအတွက် ရုပ်ထွက်ကောင်းကောင်းနဲ့ထိုးလို့ကောင်းမဲ့ Snooker ဂိမ်းလေးပါ
9Ball လဲထိုးလို့ရတယ်နော့ … :)

DOWNLOAD HERE

 

http://www.myanmarmobilesoftwaredeveloper.com/

Flower Flash Effect များ ဒေါင်းရန် ၂

ကဲ Flash Effect အသစ်လေးတွေ သုံးချင်ကြတဲ့ သူငယ်ချင်းတွေအတွက် ဒီနေ့ Flower Flash Effect လေးတွေ ထပ်ပြီး

တင်ပေးလိုက်ပါတယ်နော်။ Flash Song ဝါသနာရှင်တွေအတွက် အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခါက

Effect တွေကို ၅၁ ကနေ ၁၀၀ အထိ  Google Drive ကနေ တင်ပေးလိုက်ပါတယ်။ အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့

ထင်ပါတယ်။ အားလုံးကို စုပြီး တစ်ခါတည်း ဒေါင်းလုပ်မပေးတာက ကြည့်ပြီးမှ ဒေါင်းချင်တဲ့သူတွေ ရှိတာရယ်၊ နောက်ပြီး

လွယ်လွယ်နဲ့ ရသွားတော့ တန်ဖိုးမထားကြမှာစိုးလို့ပါ။ တကယ်လိုချင်တဲ့ သူငယ်ချင်းတွေဆိုရင် ဒီ Effect လေးတွေကို

စိတ်ရှည်ရှည်နဲ့ ဒေါင်းယူကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ကဲ စိတ်ဝင်စားတဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူကြပါ။


Download: Flower Flash Effect များ ဒေါင်းရန် ၂

Flower Flash Effect စုစုပေါင်း ၅၀ ကို နံပါတ် ၅၁ ကနေ ၁၀၀ အထိ Google Drive က တင်ပေးထားတာ ဖြစ်ပါတယ်။

ကြည့်မယ်ဆိုရင် Flash ဖိုင် နံပါတ် ပေါ်ကို Right Click လုပ်ပြီး Open Link in New Tab ကို နှိပ်ပါ။ ဒေါင်းမယ်ဆိုရင်တော့

Flash ဖိုင် နံပါတ် ပေါ်ကို Right Click လုပ်ပြီး Save Link As... ကို နှိပ်လိုက်ပါရန်။ အားလုံးပဲ အဆင်ပြေကြပါစေ..



ဒီ Flash Effect လေးတွေကို တစ်ခြားဆိုဒ်တွေမှာ ပြန်လည်မျှဝေမယ်ဆိုရင်တော့ ကျွန်တော့်ဆိုဒ်လင့်လေးကို ပို့စ်ရဲ့

 တစ်နေရာရာမှာ ထည့်ပေးကြဖို့ တောင်းဆိုပါတယ်။ နောက်နေ့တွေမှာလည်း Flower Flash Effect အသစ်တွေ ကို

ထပ်တင်ပေးဖို့ ရှိပါတယ်။ ကျွန်တော့်ဆိုဒ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

http://itwebcrazyboy.blogspot.com မှ ပြန်လည်မျှဝေသည်။

မြန်ဆန်သော Firefox အဖြစ် လုပ်ဆောင်ခြင်းနည်းလမ်းများ

မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။


(၁) FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။



(၂) network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

(၃) network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။

(၄) network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကို TRUE ပြောင်းလိုက်ပါ။

(၅) network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။
CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာRIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲကNEW ကိုရွေးပြီး BOOLEANကိုတဆင့် ရွေးပေး ပါ။ ပေါ်လာတဲ့ New booleanvalue pop-up window ထဲမှာ content.interrupt.parsing လို့ရိုက်ထည့် ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUE ထားပေးပါ။

(၆) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 2250000 လို့ထားလိုက်ပါ။

(၇) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ 750000 လို့ထားပါ။

(၈) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUE ထားပေးပါ။

(၉) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။

(၁၀) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။
OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

(၁၁) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။

တင်ပြထားသူလေးက Yin Kwin Nge   ဖြစ်ပါတယ်