Facebook & Gmail စတိုင်လေးတွေနဲ့ ဖလန်းဖလန်းထမယ်


ကဲ ကဲ ဖေ့ဘွတ်တို့ဂျီမေးလ်တို့ကို ဒီဇိုင်းလေးတွေနဲ့မရိုးနိုင်အောင်သုံးကြစေမို့ .....ကလိကလိပြီ
ရေးသားမျှဝေပေးလိုက်ပါတယ်.....ကျွန်တော်ကတော့ အမြဲကလိနေတာဆိုပေမယ့် မကလိဖြစ်တာ
အတော်လေးကြာခဲ့ပြီဗျာ.....ခုတော့ သိပြီသူလည်းရှိကောင်းရှိပါလိမ့်မယ်...ဆရာ့ဆရာကြီးများကို
တော့ဖြင့် ကျွန်တော်မပြောရပါဘူး...မသိမတတ်သေးတဲ့ သူတွေ သူတွေအတွက်လေးပါ။။
စတင်ပြီးလုပ်တော့မယ်ဆိုရင်တော့ မော်ဇီလာကို အရင်ဆုံးဖွင့်ပြီး ADD-ons လုပ်ရပါတော့မယ်ဆိုတော့
နည်းနည်းတော့ လုပ်ကြရအောင်.....

ပုံကြည့်လိုက်တော့ shylish လေးတွေကို မိမိဘရောင်းဇာနဲ့သင့်တော်တာလေး ရွေးချယ်နေမယ်ဆိုရှာရခက်နေ
ပါလိမ့်မယ်....ဒါကြောင့်ကျွန်တော်တို့ ပေးထားတဲ့လင့်ကိုသာသွားပြီ ADD လုပ်လိုက်ရအောင်လား...
Link- https://addons.mozilla.org/en-US/firefox/search/?q=stylish&cat=...
လင့်ကိုရောက်ပြီဆိုတော့ ပုံမှပြထားတဲ့ အနီရောင်လေးဘောင်ကွတ်လေးမျိုးမောက်လေးတင်ပြီကလစ်လုပ်
လိုက်မယ်ဆို ခဏတော့စောင့်ရပါလိမ့်မယ်...သုံးနေတဲ့လိုင်းအပေါ်လည်းမူတည်နေတာကို..... ADD လုပ်ပြီး
သွားရင်တော့ ကျွန်တော်တို့ကို Restart လုပ်မလားမေးရင် လုပ်သာချလိုက်ပါ.....
မော်ဇီရဲ့ဘယ်ဒေါင့်အောက်ခြေလေးမှာ Sပုံလေးပေါ်နေမှာ တွေ့ရပြီဆို တော်တော်လေး အဆင်ပြေပြေဖြစ်သွားပါပြီ
ခုကျွန်တော်ပြထားတဲ့နေရာလေးမှာ Turn all style on ဖြစ်နေခဲ့မယ်ဆိုရင်တော့ Turn all style oFF အဖြစ်ပြောင်းလဲ
လိုက်ပါဗျာ.....ပြောင်းပြီးလို့ OFF ဖြစ်သွားပြီဆိုရင်တော့ Theme လေးတွေမပြောင်းလဲသေးတာတွေ့ရမှာပါ...
ဘယ်ပြောင်းပါ့ဦးမလည်း ကျွန်တော်တို့ဘာမှ မလုပ်ရသေးတာကိုနော့်.........

ပုံမှာတွေ့လိုက်ရတဲ့ Find styles for this site ဆိုတာကိုထပ်ကလစ်လုပ်ပြီ Theme လေးတွေရှာဖွေကြည့်ကြရအောင်
ရှာဖွေရမယ့်နေရာရောက်သွားရင်တော့ဖြင့်

ကျွန်တော်တို့ Theme တွေမြောက်များစွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်...
ကျွန်တော်ရှာထားတာလေးကတော့ အရူးကမ္ဘာလေး ဟတ်ကင်းပုံလေးပေါ့ဗျာ...
ရွေးချယ်မူတစ်ခုကို ဥပမာပြတာနော်ဗျ...ပုံလေးတွေနဲ့ဆိုတော့ အပျင်းပြေလေးပေါ့....
အစိမ်းရောင်လေးနဲ့ Install with stylish လေးကို ကလစ်ပြီTheme ကိုယူကြရအောင်
ကလစ်ပြီရင်တော့ အောက်မှာတင်ထားတဲ့ပုံလေးလို ဘောက်ဘေ၇ာင်းလေးတစ်ခု
တတ်လားပါဦးမယ်.....

Install လုပ်မလား၊ Switch to Edit  ပြင်ဆင်မှုလုပ်မလား၊ဆိုပြီမေးလာပါလိမ့်မယ်...ကျွန်တော်တို့ကလိုချင်ပြီးဆိုတော့
နောက်မှပြင်ဆင်တော့မယ့်သဘောနဲ့ Install လုပ်ကြတာပေါ့.......
ဒါဆိုရင်တော့ ကျွန်တော်တို့ဖေ့ဘွတ်လင့်လေးကို ပြန်ပြီး loding ပြန်လုပ်စေမို့ f5 လေးနှိပ်လိုက်ပါဦးလား
အဲ့ဒီမှာတွေ့ရမှာတော့ ကိုယ်ရွေးခြယ်ထားတဲ့ style လေးနဲ့ ဖလန်းဖလန်းထကြပြီပေါ့ဗျာ.......
ကုဒ်တွေကို ဘယ်လိုဘယ်နေရာပြန်ပြင်ရမလည်းလို့တော့မမေးနဲ့နော်ဗျ.....အောက်မှာ ဆက်ဖတ်မို့ တစ်ခါ
တည်းရေးပေးလိုက်ပါမယ်....မြန်မာတွေက ပေါက်ပေါက်ရှာရှာကိုမေးမြန်းထူနိုင်ကြလို့ပါ...ကျွန်တော့်လိုပေါ့


S အိုင်ကွန်လေးကို ဘယ်ကလစ်လေးနှိပ်လိုက်မယ်ဆို ရွေးခြယ်ထားတဲ့ style ကိုတွေ့ရမှာပါ....အဲ့ဒီ style ပေါ်ပြန်ပြီ
ပြင်ဆင်နိုင်စေမို့ ဘယ်ကလစ်လေးပြန်ထပ်နှိပ်လိုက်မယ်ဆိုရင်တော့ဖြစ် ပြင်မို့တွေ့ပါပြီး ပုံလေးထဲမှာ အနီရောင်
ဘောင်လေးကွတ်ပေးထားတဲ့ Edit ဆိုတာလေးမှာစတွေ့ပြီဗျာ...CSS ဘောက်လေး နဲ့အလှဆင်ထားတဲ့ ဘောက်
တစ်ခုထွက်လာခဲ့ပြီဆိုရင်တော့ ပြင်ဆင်နိုင်ကြပါပြီ....
ကလိပြီရင်တော့ preview ကိုနှိပ်ပြီ မိမိဖွင့်ထားတဲ့ ဖေ့ဘွတ်လေးကို တစ်ချက်ရှိုးလိုက်ရအောင် မကြိုက်မချင်တော့
ကလိပေါ့ဗျာ...ကလိပြီရင်တော့ကြည့်လိုက်ကလိလိုက် အလုပ်လေးရှုပ်ပြီပြီးဆို save (သိမ်းဆည်း)လိုက်ရအောင်ဗျာ
ဒါဆိုရင်တော့ ကလိထားတာလေးနဲ့ ဖလန်းဖလန်းကိုထ ရွနိုင်ကြပါပြီဗျာ......
အဆင်ပြေကြပါစေလို့ဆုတောင်းချွေခဲ့ပါတယ် ဇွဲကပင်မြေချစ် သူငယ်ချင်းညီအစ်ကိုမောင်နှမများ........
ဂျီမေးဆိုရင်လည်း ဂိုဂယ်ပေ့စ်လေးတော့ဖွင့်ထားပြီမှာ stylish လေးနဲ့ ပြန်ဆင်ပါဦး...နှစ်ခုဆိုတော့
ကဲ ဂိုဂယ်လည်းဖလန်း ဖေ့ဘွတ်လေးလည်း ဖလန်းထပြီပေါ့ဗျာ................  
ဇွဲကပင်မြေ

0 comments:

Post a Comment