Gpk ဂိမ်းဖိုင်ပြုလုပ်နည်း နှင့် Android Games GPK ဖိုင်များ Install လုပ်နည်း

Gpk ဂိမ်းဖိုင်ပြုလုပ်နည်း

 

အဟဒီလိုကောင်းတဲ့နည်းပညာတွေကို ဖြစ်နိုင်ရင် အကုန်လုံးပေါင်းပြီး စာအုပ်တစ်အုပ်လုပ် လိုအပ်တဲ့ဖိုင်တွေ ပေါင်းစုပြီးတော့ Win RAR နဲ့ချုပ်ပြီးတော့ ပြန်တင်ပြပေးချင်တာအချိန်မရတော့ အောက်မှာ ပြထားတဲ့အတိုင်း 

မောင်ပေါက်ဆိုဒ်မှာသွားယူလိုက်ကြတော့ဗျာ

Gpk ဆိုတာ apk နဲ့မတူပါဘူး
Game apk နဲ့ data ဖိုင်ကို ပြန်ပြီး zip လုပ်ထားတဲ့ format တစ်ခုပါ
Gpk ရဲ့ထူးခြားချက်တွေက
- ဆော့မရတဲ့ ဂိမ်းတွေကို ဆော့လို့ရခြင်း
- Screen ဖြူတဲ့ ဂိမ်းတွေကို ပုံမှန်အတိုင်းဆော့လို့ရခြင်း
- Android Phones တော်တော်များများတွင် ဆော့လို့ရခြင်း
- Gpk ဖိုင်ပြုလုပ်ဖို့အတွက် ဂိမ်းရဲ့ apk ဖိုင်နဲ့ data ဖိုင်ရှိပြီးသားဖြစ်ရပါမယ်
- ကိုယ့်ဖုန်းအတွက် သီးသန့်ဘဲဆိုရင် ဖုန်းရဲ့ gpu ကိုအမှန်ခြစ်ပြီးလုပ်တာ ပိုကောင်းမယ်ထင်ပါတယ်
- နောက်ပြီး game data files က memory card ရဲ့ ဘယ်နားမှာ အလုပ်လုပ်တာကို သိထားရပါမယ်
ဒါမှသူက ဂိမ်းကို ဆော့လို့ရအောင် သူ့လမ်းကြောင်းထဲပို့ပေးမှာပေါ့
အပေါ်ကအဆင့်တွေ OK ပြီဆိုရင် GPK Maker ကို အောက်ကလင့်မှာ ဒေါင်းလိုက်ပါ..
ပြီးရင် ဘယ်လိုလုပ်ရမလဲ.. လုပ်ရမယ့်အဆင့်တွေက သိပ်ရှည်လွန်းတော့ ဒီစာမျက်နှာမှာ မဆံ့လောက်ဘူးဗျ.. :P အောက်ကလင့်ကိုနှိပ်ပြီး ဒေါင်းယူလိုက်ပါ..

Gpk တော့ လုပ်ပြီးသွားပြီး ဘယ်လို Install လုပ်မလဲ.. အဲဒီ နည်းအပြည့်အစုံကို အောက်မှာဆက်ဖတ်ကြည့်ပါ..

Android Games GPK ဖိုင်များ Install လုပ်နည်း

 


Gpk ဖိုင်တွေဟာ Game apk ကောင်းကောင်းအလုပ်လုပ်ဖို့ လိုအပ်တဲ့ အထောက်အပံ့ဖိုင်ပါ.. ဆိုဒ်ပမာဏကြီးမားပါတယ်.. Gpk ဖိုင်တွေ ဖုန်းထဲကို Install လုပ်ဖို့ နည်းလမ်း (၂)ခု ရှိပါတယ်..

ကွန်ပျူတာကနေ ဖုန်းဆီကို တိုက်ရိုက်ထည့်သွင်းခြင်း
ဒီနည်းမှာ လိုအပ်တာက Gpk Install လုပ်တဲ့ Computer Software ရယ်..
ဖုန်းအတွက် ကွန်ပျူတာ Driver ရယ်
ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ထားဖို့ရယ် လိုအပ်မှာဖြစ်ပါတယ်..

အပေါ်ကဟာတွေ အကုန်ဒေါင်းပြီး Install လုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ USB ကြိုးသုံးပြီး ချိတ်လိုက်ပါ..
ပြီးရင် ကိုယ် Install လုပ်ချင်တဲ့ Gpk ဖိုင်ကို Double Click ခေါက်ပေးလိုက်ရုံပါပဲ.. အဆင်သင့်လုပ်ပြီးသား Gpk ဖိုင်တွေလိုချင်ရင်တော့ http://www.muzhiwan.com မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် GPK ဖိုင် ဖန်တီးလို့ပဲဖြစ်ဖြစ် ရယူနိုင်ပါတယ်..
ဖုန်းတွင် Install လုပ်နည်း
ဖုန်းမှာ Gpk ကို Install လုပ်ဖို့ကတော့ muzhiwan gamehelper installer.apk ဆိုတဲ့ဖိုင်ကို အရင် Install လုပ်ပေးရပါမယ်..
SD Card ထဲမှာ Gpk ဖိုင်ထည့်ပြီးသားဖြစ်ရပါမယ်..
ပြီးရင် muzhiwan ကို Run လိုက်ပါ.. အောက်ကပုံမှာလို အစိမ်းရောင် Button လေးကိုနှိပ်ပြီး Gpk ဖိုင်တွေကို ဖေါ်ပြခိုင်းလိုက်ပါ..

ကိုယ် Install လုပ်ချင်တဲ့ Gpk ဖိုင်ကိုတွေ့ပြီဆိုရင် တစ်ချက်နှိပ်လိုက်ပါ။

 ပေါ်လာတဲ့အကွက်ထဲမှာ ဘယ်ဘက်ဆုံးက Button လေးကို နှိပ်ပေးလိုက်ပါ..

Install လုပ်နေတာကို မြင်နေရမှာဖြစ်ပြီး ပြီးသွားရင်တော့ ကစားနိုင်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

0 comments:

Post a Comment