
သင့်ရဲ့ Android phone ကို ပါဝါ တစ်ချိန်လုံးဖွင့်ထားလိုက်မယ်ဆိုရင် ..နေ့မကုန်ခင်မှာပဲ ဖုန်းရဲ့ ဘက်ထရီ အားလျော့ကျလာတာကို တွေ့ရပါလိမ့်မယ်.ဒါဆို သင့်ရဲ့ ဖုန်းက ဘာဖြစ်လို့ ဘက်ထရီစားနေတာလဲ…အဓိကကတော့ မိမိဖုန်းမှာ အသုံးပြုနေတဲ့ ဆော့ဝဲလ်တွေရဲ့ အလုပ်လုပ်နေလို့ပါပဲ..တကယ့်တော့ မိမိဖုန်းထဲက တစ်ချို့သော Features တွေကို အချိန်းတိုင်းအသုံးပြုဖို့မလိုအပ်ပါဘူး..ဒါကြောင့် ကိုယ်အသုံးပြုမယ့်အချိန်မရောက်သေး သရွေ့ ပိတ်ထားဖို့လိုပါတယ်..အဲဒီတော့ ဘယ်လိုဆော့ဝဲလ်တွေကို ထားပြီး ဘယ်လို features ကို ပိတ်ထားမလဲ..ဘက်ထရီကို ကြာရှည်ခံအောင် ဘယ်လိုထိမ်းသိမ်းရမလဲဆိုတာ အောက်မှာဆက်ကြည့်ရအောင်…….။
ဖုန်းတစ်လုံးနဲ့ တစ်လုံးပါဝင်တဲ့ Features တွေက နည်းနည်းတော့ ကွာခြားပါလိမ့်မယ်.အခုပြောပြမယ့် အပိုင်းတွေမှာတော့ ဖုန်းအားလုံးနီးပါးတူညီမယ်လို့ထင်ပါတယ်..
ဘက်ထရီအားကို အလဟသဖြစ်စေမယ့် ဆော့ဝဲလ်တွေကို ပိတ်ထားခြင်း
……………………………………………………..

အဲဒီထဲက ဆော့ဝဲလ်တစ်ခုကို ထိလိုက်တယ်ဆိုရင်ပဲ adjust settings or turn them off completely ဆိုပြီးတွေ့ရပါလိမ့်မယ်..အဲဒီအရာကို နှိပ်လိုက်တယ်ဆိုရင် processes တော်တော်များကို ပိတ်ပစ်မှာဖြစ်တဲ့အတွက် သတိထားအသုံးပြုဖို့လိုပါမယ်..မလိုအပ်ပဲ ပိတ်မိရင် ကိုယ်ရဲ့ ဖုန်းအတွက် Stable မဖြစ်တာတွေရှိလာပါမယ.်.တကယ်တော့ မိမိအတွက် အချိန်တော်တော်ကြာ အသုံးမပြုဖြစ်တဲ့ ဆော့ဝဲလ်တွေကို uninstall လုပ်ပစ်တာကလည်း ဘက်ထရီ အားကို ချွေတာရာရောပါတယ်..
အလင်းရောင်လျှော့ထားခြင်းနှင့် display setting ကို စီမံခြင်း
………………………………………………………….

display setting ထဲမှာလည်း တခြား လုပ်ဆောင်ချက်တွေကို တွေ့ရှိရပါမယ်.ဥပမာအားဖြင့်တော့ Wallpaper ပေါ့..live wallpaper လိုဆော့ဝဲလ်မျိုးကတော့ ဘက်ထရီအား အကုန်မြန်တာကို တွေ့ရမှာပါ..ဒါကြောင့် သူကိုလည်း ချိန်ဆပြီး အသုံးပြုရပါမယ်..ဒါအပြင်အသုံးပြုနေချိန်အတွက်မှာ ဖုန်းရဲ့ ဘက်ထရီအား အရမ်းနည်းနေရင်တော့ ဖုန်းရဲ့ sleep mode ကိုလည်း 15 စက္ကန့်လောက်ထားပြီးအသုံးပြုပါ..

…………………………………………………..

Settings > Wireless & Networks and turn Wi-Fi and Bluetooth မှာ on , off ကို လိုသလို အသုံးပြုနိုင်ပါမယ်..အသုံးပြုမယ်ဆိုမှ On ပါ..
နေရာဒေသ ခြေရာခံမှုတွေကိုလည်း ပိတ်ထားပါ
………………………………………………………..

အရည်အသွေးမှီတဲ့ Battery saver ဆော့ဝဲလ်များကို အသုံးပြုပါ
……………………………………………………..
အပေါ်ကနည်းလမ်းတွေ အတိုင်းလုပ်ဆောင်ပြီး ဘက်ထရီအား ချွေတာဖို့က Battery saver ဆော့ဝဲလ်ကို အသုံးပြုရမယ်..ဘက်ထရီအား ချွှေတာနိုင်မယ့်ဆော့ဝဲလ်တွေ google play မှာ ဒုနဲ့ဒေးဆိုပေမယ့် လက်တွေ့ကျကျ စွမ်းဆောင်ပေးနိုင်တာကတော့ Battery doctor ဆော့ဝဲလ်လေးဖြစ်ပါတယ်..အဲဒီဆော့ဝဲလ်လေးမှာတော့ ဘက်ထရီအားနည်းပတ်သတ်ပြီး လုပ်ဆောင်ချက်တွေ အများကြီးပါဝင်တာကို တွေ့ရပါမယ်..စက်ရုပ်ဖုန်းတွေ အတွက် အသုံးဝင်လှတာကို လည်း တွေ့ရပါတယ်..Battery doctor ကတော့ battery saver android ဆော့ဝဲလ်တွေထဲက အကောင်းဆုံးတစ်ခုပါပဲ..မိမိဖုန်း သွက်လက်မြန်ဆန်စေဖို့ Task killer လိုမျိုးပါထည့်သွင်းပေးထားပြီး. ကိုယ်ဖုန်းရဲ့ နောက်ကွယ်က မလိုအပ်တဲ့ဆော့ဝဲလ်တွေကို တစ်ချက်နှီပ်ရုံနဲ့ ရှင်းလင်းပေးသွားတာပါ..နောက်ပြီး အသုံးပြုရတာလွယ်ကူပြီး ဖုန်းအတွက် အမှန်အကန် အထောက်အကူဖြစ်နေတာကြောင့် အသုံးတည့်လှတဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်..
အချုပ်ဆိုရရင်တော့ မိမိဖုန်းဘက်ထရီအား ကြာရှည်ခံဖို့အတွက် ကအထက်ပါအချက်တွေအတိုင်း လုပ်ဆောင်လိုက်ရင် အဆင်ပြေသွားတာကို တွေ့ရပါမယ်..
Myo Minn Thant(Myanmar Mobile App Store)
0 comments:
Post a Comment