Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download


 Huawei  ချည်းပဲ ခဏ ခဏမေးနေကြလို့ လိုအပ်တာတွေ အားလုံး စုစည်းပေးလိုက်ပါတယ်...။

သက်ဆိုင်သူအားလုံးလည်းကို Credit ပေးပါတယ်..။


သတိပြုရန်။ ။

 Frimware တင်ခြင်း ၊ Root လုပ်ခြင်း စသည်တို့သည် မိမိကျွမ်းကျင်မှုအပေါ်မူတည်သောကြောင့် ဖုန်းတစ်ခုခု ဖြစ်လျှင် မိမိတာဝန်သာဖြစ်သည်။


Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။



(or)

ဒါကတော့  Huawei G610 Official ROM  တွေ...
 Build No ကိုရွေးပြီးဒေါင်းပါ..။

G610-T00,Android 4.2,V100R001CHNC01B122680959168

G6100-U00,Android 4.2,Emotion UI,V100R001CHNC17B126

G610-U00,Android 4.2,Emotion UI,V100R001CHNC17B127

G610-C00,Android 4.2,Emotion UI,V100R001C92B122


  Firmware (ROM) တင်နည်း

 ဒေါင်းလို့ ရလာတဲ့ Zip  ဖိုင်လ်ကို ဖြည်ပြီး အထဲက dload ဖိုလ်ဒါကို SD Card ထဲ COPY ကူးထည့်ပါ
ပြီးရင် SD Card ကို ဖုန်းထဲထည့်ပြီး ဖုန်းရဲ့ Vol-up + Vol-down  ကို ပြိုင်တူဖိနှိပ်ပြီး Power ကိုဖွင့်ပေးလိုက်ရင်သူဟာသူအော်တို Firmware တင်ပေးသွားမှာပါ...။

(SD Card ကောင်းဖို့ လိုအပ်ပါတယ် SD card မကောင်းရင် Firmware တင်တာမအောင်မြင်တတ်ပါဘူး)


 Root လုပ်နည်း

 ပထမဆုံး ကွန်ပျူတာက Huawei ကိုသိဖို့လိုပါတယ်  Huawei Driver ကို ဒီမှာ ဒေါင်းလိုက်ပါ..


ပြီးရင် ဒီ V Root Tool လေးနဲ့ အလွယ်တကူ Root နိုင်ပါတယ်...။


V-Root V1.4

  Root ဆိုတဲ့ အဲဒီအစိမ်းခလုတ်လေးကို နှိပ်လိုက်ပါ။ 


vroot-rooting 


vroot-rootsuccess


Root လုပ်လို့ အောင်မြင်သွားပြီးဆိုရင် အပေါ်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။

(Root ဖြစ်မဖြစ် သိချင်ရင် “Root Checker” ကို  Google PLAY store မှ ဒေါင်းယူ Install ပြီး စစ်ဆေးနိုင်ပါတယ်)။။


CWM  Recovery တင်နည်း 

 Mobileuncle Tool  ကို အရင်ဒေါင်းလိုက်ပါ....
  CWM recovery ဆိုတဲ့ RAR ကိုဖြည်ပါ...အဲဒီထဲက ထွက်လာတဲ့ recovery.img ဆိုတဲ့ ဖိုင်ကို SD Card ထဲကို Copy ကူးထားပါ. ပြီးရင် Mobileuncle tool.apk ကိုဖုန်းထဲကို install လုပ်ပါ
Mobileuncle Tool ကိုဖွင့်ပြီး အောက်က ပြထားတဲ့ပုံလေးတွေအတိုင်း အဆင့်ဆင့်
လုပ်ဆောင်လိုက်ပါခင်မျာ.....
 


ဒီအဆင့်ထိလုပ်ပြီးပြီဆိုရင် ဖုန်းက Reboot ကျသွားမှာပါ ပြန်တတ်လာရင်. CWM Recovery တင်လို့ပြီးပါပြီ။


 ဇော်ဂျီဖောင့်လုံးဝမသွင်းရသေးသော ဖုန်းများအတွက်နည်းလမ်း (၁)

 မြန်မာဖောင့်လုံးဝ မသွင်းရသေးသော Huawei G610S ဖုန်းများတွင် 100% အဆင်ပြေပါတယ်။ ဖုန်းကို Root လုပ်ထားဖို့တော့လိုအပ်ပါမယ်။ (Root ရှိရန်လိုအပ်ပါသည်။)
အခု Tool လေးကို ရေးသားသူကတော့ Developer ကိုပြည့်စုံ (MobiMax) ဖြစ်ပါတယ်။ 


Download One Click Tool

G610 Correct Zawgyi Fonts One Click Install
အပေါ်ကလင့်ကို ဒေါင်းပြီး Rar ဖိုင်ကို ဖြည့်ပါ။ရလာတဲ့ ဖိုင်ထဲမှ .exe ဖိုင်ကို Run ပါ။ပြီးရင် Press Any Key ကိုနှိပ်ပါ။
ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင် Myanmar fonts ရရှိမှာဖြစ်ပါတယ်။ မြန်မာစာလည်း မှန်ကန်စွာပေါ်ပါလိမ့်မယ်။


 ဇော်ဂျီဖောင့်ထည့်ပြီးသားဖုန်းများအတွက် နည်းလမ်း (၂)
————————————-
အခြားနည်းများနဲ့ မြန်မာစာဖောင့် ထည့်ထားပြီး မြန်မာစာမမှန်သေးတဲ့ ဖုန်းများအတွက်ကတော့ အောက်က Link က File ကိုရယူလိုက်ပါ။

Download Huawei G610S Original Font & Root Explorer Apk

အရင် ဆုံး G610 Oringinal Fonts.Rar ကို ဒေါင်းပါ။အဲဒီထဲက Root Explorer apk ကိုဖုန်းမှာ install လုပ်ပါ။ နောက်တစ်ဖိုင်ဖြစ်တဲ့ Fonts Folder ကိုတော့ ဖုန်းမန်မိုရီကဒ် ထဲတည့်ပါ ။ပြီးလျှင် RootExplorer ကို အသုံးပြုပြီး System/Fonts folder ထဲသို့ ထည့်ပါ။

Replace လုပ်ထည့်ပါ။ ပြီးလျှင် ဖုန်းကို Reboot လုပ်ပါ ။ပြီးလျှင် အထက် က နည်းလမ်း (၁) ကိုအသုံးပြုပြီးမြန်မာစာဖောင့်ထည့်ပါ ။မှန်ကန်တဲ့ Zawgyi Fonts ကို ရရှိမှာဖြစ်ပါတယ်။


 နောက်ထပ် မြန်မာစာ မမှန်တာမျိုးတွေကိုတော့ အောက်ပါ Tool လေးတွေနဲ့ ဖြေရှင်းနိုင်ကြပါတယ်..။


မည်သည့် Android ဖုန်းမဆို Root Access ရပြီဆိုတာနဲ့  မြန်မာစာ ထည့်သွင်းဖို့ လွယ်သွားပါပြီ..
Android Version 4.3 အတွက် မြန်မာစာ နဲ့ မြန်မာစာ မမှန်တာမျိုးတွေကို  ကို Djjoe Man (MMF) ရေးထားတဲ့ ဒီ Font Changer လေးကိုဒေါင်းယူပါ.....
Font Changer.APK လေးကို Phone ထဲမှာ Install လုပ်လိုက်ပါ... ပြီးရင် Install now ကို နှိပ်ပြီး Super su request တောင်းပါမယ်.. Grant နှိပ်ပေးလိုက်ပါ…ပြီးရင် Restart ကျပြီး..မြန်မာစာကို မှန်ကန်စွာမြင်ရပါပြီ..။


Android Version 2xx , 4 xx နှင့်အထက် တွေမှာ မြန်မာစာ အဆင်မပြေသေးဘူးဆိုရင် ဒီ ကိုကျော်စွာသွင် ရေးထားတဲ့ Smat Zawgyi (or) Smat Zawgyi ကို ဒေါင်းယူပြီး  ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ (Driver ရှိရပါမယ် မရှိသေးရင် လိုအပ်တဲ့ USB Driver တွေကို ဒီနေရာမှာ ဒေါင်းယူပါ) 
 Smat Zawgyi ကို Zip ဖြည်ပြီး အထဲက .bat ဖိုင်လ်လေးကို Right Click > Run as administrator နဲ့ Run ပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်...။ ခဏနေရင် ဖုန်းဟာ Restart ကျပြီး.... မြန်မာစာတွေ မှန်ကန်စွာမြင်ရမှာပါ..။
MMSD Smart Zawgyi v1.5  ကတော့ Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမိုမှန်စေပါတယ်။ Apk ဖိုင်လ်လေးပါ ဖုန်းထဲမှာပဲ Install လုပ် Run ပေးပြီး ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ ..။ မြန်မာ Developer ကိုဖြိုးချမ်း ရေးထားတာပါ..။
Android  Device တွေအတွက် မြန်မာစာတွေ ရေး နိုင်ဖို့ အတွက် မြန်မာ Keyboard  ကိုတော့ ဒီနေရာမှာ ဒေါင်းယူပါ...။


သက်ဆိုင်သူ Developer အားလုံးကို Credit ပေးပါတယ်..။


အဆင်ပြေကြပါစေ။
 ဝင်းကမ္ဘာကျော်


 www.winkabarkyaw.net

0 comments:

Post a Comment