မိမိFacebook Comment မှာ Reply Button ထားရအောင်

ယခုတင်ပြချင်တာလေးကတော့ မိမိ Facebook Account ရဲ့ Comment Box မှာ Reply Button ထားနည်းပါ။ ဒီနည်းလေးကို ကျွန်တော်ကတော့ ခုမှတွေ့လို့ ပြန်မျှလိုက်တာပါ။ သိပြီးသား စိတ်မ၀င်စားတာတွေ ရှိရင်တော့ကျော်ဖတ်သွားပေးပါ။ လုပ်ချင်သူများနှင့် စိတ်ပါဝင်စားသူတွေက အောက်မှာဖတ်ရူပြီး လိုက်လုပ်ကြည့်နိုင်ပါတယ်ခင်ဗျာ......

1.အရင်ဆုံး ကျွန်တော်တို့ ဒီလင့် လေးကိုသွားလိုက်ပါ။ပြီးရင် အဲဒီမှာ Right Click ထောက်လိုက်ပါ။
အောက်ဆုံးမှာ Inspect Element ရှိပါတယ်။ အောက်ဆုံးမှာ မရှိနေရင်လည်း ရှိတဲ့နေရာမှာ ရွေးလိုက်ပါ။

2.အောက်ကပုံလို Page လေးပေါ်လာခဲ့ရင် အောက်ဆုံးညာဘက်ဒေါင့်မှာရှိတဲ့ Setting ၀ိုင်းပြထားတဲ့နေရာလေးကို နှိပ်ပါ။

3.အောက်မှာပြထားတဲ့ ပုံတွေအတိုင်း
  (1)Overrides ကို Click ပါ။
  (2) "Ovverride Geolocation"ကို အမှန်ခြစ်ပြီး Enable ပေးပါ။
  (3) Lat= -41.89996 , Lon= 174.781555 ထည့်ပါ။
  (4)ညာဘက်အပေါ်ဒေါင့်မှာရှိတဲ့ ကြက်ခြေခတ်လေးနှိပ်ပြီး ပိတ်လိုက်ပါ။
4.Check In ကို Click ပါ။
5.မြှားသုံးခု ထိုးပေးထားတဲ့နေရာမှ Location(3) ခုမှာ မိမိကြိုက်တဲ့ Location တခုကိုရွေးလိုက်ပါ။


6.ပြီးရင်တော့ အားလုံးကို ပိတ်ပြီး မိမိ Facebook မှာ ရမရ Status တကြောင်းလောက်ကို Only Me ပေးပြီးကျွန်တော်အပေါ်ဆုံးက တင်ပြထားတဲ့ ပုံလို တင်ကြည့်ပြီး Comment ပေးကြည့်ပါ။ ဒါဆိုရင် မိမိ CommentBox အောက်မှာ Fan Page တွေလို Rely Button ရောက်ရှိလာပါပြီ။အားလုံးဘဲအဆင်ပြေကြပါစေ....

အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)

0 comments:

Post a Comment